မြွေဖြူအရှင်
အပိုင်း၃
"အောင်ဗလတို့ညကြီးမိုးချုပ်ဘာအကြောင်းကိစ္စရှိလို့လဲ""သူကြီးရေ ဒီမှာဖိုးခွားနဲ့အောင်ကျော်အသိစိတ်လွတ်သွားလို့ဗျ"
"ဟေ..ဒီကောင်တွေအသောက်လွန်သွားတာလား"
"ဟာမဟုတ်ဘူးဗျ"
လူအုပ်ကြားထဲမှာစံခွေးလည်းပါတာမို့
အကြောင်းစုံရှင်းပြဖို့
အရှေ့ကိုတိုးထွက်လာတယ်"ပြောပါဦးစံခွေးရဲ့ သူတို့ဘာကြောင့်ဒီလိုဖြစ်သွားတာလဲ"
"ဒီကောင်တွေမြွေဖြူရှင်ဂူကရတနာတွေသွားခိုးတာဗျ
ဒါ့ကြောင့်ဒီလိုဖြစ်သွားတာ"သူကြီးဦးမှုန်ရဲ့မျက်နှာပျက်သွားတယ်
"ဒီကောင်တွေနဲ့တော့ကွာ ရှေးဟောင်းဘုရားခုနှစ်ဆူနဲ့ရတနာတွေကိုမြွေဖြူအရှင်စောင့်ရှောက်နေတာသိရဲ့သားနဲ့အတင့်ရဲလိုက်ကြတာ"သူကြီးကကြိတ်မနိုင်ခဲမရဖြစ်လာပြီး
စံခွေးကိုတစ်လှည့်ဆူတယ်
"မင်းကရောဒီကောင်တွေကိုဘာလို့မတားတာလဲ""ကျုပ်တားပါသေးတယ်သူကြီးရယ် ဒီကောင်တွေဘယ်လောက်ခေါင်းမာမှန်းသိရဲ့သားနဲ့"
"ဟူးခက်တော့တာဘဲ အောင်ဗလသွား...တစ်ရွာလုံးကိုဆော်ဩလိုက်လပြည့်နေ့မှကျင်းပမဲ့ဗုဒ္ဓပူဇော်ပွဲကိုမနက်ဖြန်ကစပြီးလပြည့်အထိရက်ဆက်ကျင်းပမဲ့အကြောင်း"
"ကောင်းပါပြီသူကြီး"
"ခနနေဦး ရွာထဲကကချေသည်အဖွဲ့ကိုပါသွားပြော မြွေဖြူအရှင်ကိုတောင်းပန်တဲ့ပွဲပါပါမှာမို့သေချာပြင်ဆင်ထားလို့"
သူကြီးကအောင်ဗလတို့အဖွဲ့ကိုမှာစရာရှိတာသေချာမှာပြီးတဲ့နောက်အိမ်ပေါ်ပြန်တက်လာတယ်
အောက်မှာပြောဆိုနေသမျှကိုဝဏ္ဏတို့အဖွဲ့ကအတိုင်းသားကြားနေရတာမို့
မြွေဖြူအရှင်ဆိုတာကိုသူတို့အလွန်စိတ်ဝင်စားနေကြတယ်
အထူးသဖြင့်ဝဏ္ဏပေါ့"တောင်းပန်ပါတယ်ဆရာလေးတို့ရယ်ရွာမှာအရေးကိစ္စကြုံသွားလို့"
"ရပါတယ် ဒါနဲ့မြွေဖြူအရှင်ဆိုတာ...."
ဝဏ္ဏသိချင်စိတ်ပြင်းပြလွန်းတာမို့စကားစလိုက်တယ်
သူကြီးကလည်းသူ မြွေဖြူအရှင်ကြောင်းသိချင်နေတာကိုသဘောပေါက်ပုံရတယ်
သေချာလေးပြန်ပြောပြတယ်
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်