မြွေဖြူအရှင်
အပိုင်း၂၃ဝဏ္ဏ သူ့အားအသင်္ခရာစိတ်ဆိုးသွားတာကြောင့်
စိတ်ပျက်လက်ပျက်ဖြစ်နေချိန်
သူငယ်ချင်းနှစ်ယောက်က သူမှားခဲ့သည့်အချက်ကိုထောက်ပြကာ
နှစ်ဦးသားပြန်အဆင်ပြေနိုင်မဲ့နည်းကိုပြောပြခဲ့သည်"ဟေ့ကောင် ဝဏ္ဏ ထွက်သွားတုံးကရွှင်ရွှင်သာသာပါ
အခုတော့ဘယ်လိုဖြစ်လို့လဒမှိုင် မှိုင်နေတာလဲ""ငါ့ကို အသင်္ခရာစိတ်ဆိုးသွားတယ်"
" ဟမ် ဘယ်လိုဖြစ်ကြတာလဲ"
"ဦးရာမက ဘယ်ကနေဘယ်လိုကြားသွားတယ်မသိဘူး
ရွှေကိုသတ်တဲ့ လူကအသင်္ခရာပါဆိုပြီးစွပ်စွဲတယ်
ငါကလည်းစိတ်ထဲမရှင်းမရှင်းဖြစ်သွားတာနဲ့ အသင်္ခရာကိုမေးလိုက်တာ
'ရွှေသေတာမင်းနဲ့တကယ်မပက်သက်ဘူးလား 'လို့လေ
အဲ့မှာအသင်္ခရာက သူ့ကိုမယုံကြည်နိုင်သရွေ့ ငါတို့ဆက်ပက်သက်စရာမလိုဘူးပြောပြီးငါ့ကိုစိတ်ဆိုးသွားတယ်"ဝဏ္ဏ အသင်္ခရာကမြွေဖြစ်တယ်ဟူသောအချက်ကိုသာဖယ်ချန်ထားပြီး
ဖြစ်ပျက်သမျှကိုပြန်ပြောပြလိုက်တော့ ဗညားကသူ့ခေါင်းကိုရိုက်ချပစ်တယ်"ဟေ့ကောင်! မင်းဘာလို့ငါ့ကိုရိုက်တာလဲ"
"တုံးလွန်းလို့ရိုက်တာ
ချစ်သူရည်းစားကြားမှာယုံကြည့်မှုကအရေးကြီးဆုံးဘဲ
ဒါကိုမင်းကမယုံသင်္ကာနဲ့သွားမေးတော့ ဟိုကစိတ်ဆိုးသွားတာ
နည်းတောင်နည်းသေးတယ် ငါသာဆိုမင်းကိုတစ်ခါတည်းလမ်းခွဲပစ်မှာ""ငါကစိတ်ထဲမရှင်းလို့မေးရုံဘဲ"
"အဲ့တာကိုကသူ့ကိုမယုံကြည်ရာရောက်သွားပြီလေ
တုံးလိုက်တဲ့ကောင် ဒီလိုတုံးပုံတုံးနည်းနဲ့ရည်းစားထားနေသေးတယ်"ဝဏ္ဏသူ့ပါးစပ်သူပြန်ရိုက်လိုက်သည်
တစ်ကယ်ဘဲ သူမေးလိုက်တဲ့မေးခွန်းကအဲ့ဒီလောက်ထိပြသနာကြီးသွားစေမယ်ဆို
မမေးခဲ့ပါဘူး ရှည်လိုက်တဲ့ပါးစပ်"တော်တော့ ဗညားမဆူနဲ့တော့
မင်းလည်းတော်တော့ကိုယ့်ကိုယ်ရိုက်မနေနဲ့
အခုအချိန်ကအသင်္ခရာစိတ်ဆိုးပြေအောင်ချော့ဖို့ဘဲ"
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်