☆15☆

2.7K 146 2
                                    

မြွေဖြူအရှင်
အပိုင်း၁၅

"သားတော် လက်ဝဲစစ်သူကြီးနန္ဒရဲ့သမီးကညာ စန္ဒာဒေဝီနဲ့လက်ထပ်ထိမ်းမြှားရမယ်....."

ပြန်ရောက်ရောက်ချင်း
ဖခမည်းတော်မိန့်လိုက်တဲ့ အမိန်ဟာသူ့ကိုကြီးစွာသော
သောကရောက်စေသည်
သူ အသင်္ခရာမဟုတ်တဲ့လူတစ်ယောက်ကိုလက်ထပ်ရမယ်ပေါ့
ဒါဟာလုံးဝမဖြစ်နိုင်ဘူး

အမိန့်ကိုငြင်းဆန်တာက သေဒဏ်သင့်နိုင်တယ်ဆိုတာသိတာတောင်မှ
သူငြင်းပယ်လိုက်သည်

"ခမည်းတော် သားတော်လက်ထပ်မိန့်ကိုငြင်းဆန်ပါတယ်
သားတော် သူကလွဲပြီးအဘယ်သူကိုမှလက်မထပ်နိုင်ပါဘူး..."

"တယ်! ဒီကောင်တော့မင်းမိန့်ကိုငြင်းဆန်ရင်ဘာဖြစ်မလဲသိတယ်ဟုတ်စ..."

"သားတော်သိပါတယ်ဘုရား ဒါပေမဲ့ သူမဟုတ်တဲ့လူနဲ့ပေါင်းဖက်ရမဲ့အစား
သေခြင်းကိုသာ သားတော်ရွေးချယ်ပါ့မယ်...."

သူ့စကားကြောင့်ဘုရင်မင်းမြတ်ခဗျာ
ဒေါသအမျက်ချောင်းချောင်းထွက်တော့သည်

"အသင်က တိရိစ္ဆာန်တစ်ကောင်အတွက်နဲ့ အသေခံမယ်ပေါ့လေ....မိုက်မဲလိုက်တာ"

ခမည်းတော်စကားကြောင့်သူနဲ့အသင်္ခရာပက်သက်မှုကို
သိရှိပြီးဖြစ်ကြောင်းသိလိုက်ရသည်
​ဒီလိုဆိုမှတော့သူဘာမှမဖုံးကွယ်တော့ဘူး

"ကျွန်ုပ်ချစ်သူကဘယ်လိုဖြစ်တည်မှုမျိုးဘဲဖြစ်နေပါစေ ကျွန်ုပ်ချစ်တယ်
တစ်ဘဝလုံးလည်းသူ့ကိုဘဲလက်တွဲမှာ"

"အဲ့ဒီကောင်က  အတိတ်ဘဝကုသိုလ်ကံကြောင့်သာမာန်ထက်စွမ်းနေတာကလွဲလို့ အဆိပ်ရှိတဲ့သားရဲကောင်
အဲလိုကောင်ကအချိန်မရွေးအရိုင်းစိတ်ဝင်ပြီးအသင့်ကိုဒုက္ခပေးနိုင်တယ်ဆိုတာရောသိရဲ့လား!!"

"ကျွန်ုပ်ကို အသင်္ခရာကဘယ်တော့မှဒုက္ခမပေးဘူးဆိုတာအကြွင်းမဲ့ယုံကြည်တယ်"

"တောက်! သားတော်ငါးပါးထဲမှာ အသင့်ကိုစဥ်းစားဆင်ခြင်နိုင်စွမ်းအရှိဆုံးလို့ထင်မှတ်ထားတာ
အခုတော့ ဘာမဟုတ်တဲ့ကောင်ရဲ့မာယာကြားမှာ နစ်မြောနေတယ်!
ဒီလိုပုံနဲ့ထီးနန်းကိုဘယ်လိုဆက်ခံနိုင်မှာလဲ"

မြွေဖြူအရှင်《Complete 》Where stories live. Discover now