●5●

4.4K 243 9
                                    

မြွေဖြူအရှင်
အပိုင်း၅

"အသင်္ခရာ....."
နန်းဝတ်နန်းစားတွေနှင့်အမျိုးသားတစ်ဦးဟာ
နောက်ထပ်အမျိုးသားတစ်ဦးအားရင်ခွင်ထဲထည့်၍
ဝမ်းနည်းစို့နင့်နေသောအသံဖြင့်နှုတ်ဆက်စကားဆိုနေသည်

"ကျွန်ုပ် မြို့တော်ကိုပြန်ရတော့မယ်...."

" အသင်မပြန်လို့မရဘူးလား"

"ကျွန်ုပ်မှာမပြန်မဖြစ်တဲ့အကြောင်းကိစ္စရှိလို့ပါ"

"ကောင်းပါပြီ အသင်ကဒီကိုလာတဲ့ဧည့်သည်ဘဲ အချိန်တန်အိမ်ပြန်ရမှာပေါ့"

ရင်ခွင်ထဲကအမျိုးသားလေးဝမ်းနည်းနေတာသိသည့်အတွက်
ခေါင်းမော့စေပြီးနှာဖူးထက်တယုတယအနမ်းခြွေသည်
ပြီးမှ....

"အသင်္ခရာ..... ကျွန်ုပ်ကိုစောင့်နေပါ ဘာအရေးဘဲကြုံလာပါစေအသင့်ဆီအရောက်ပြန်လာမယ်"

"ကျွန်ုပ်စောင့်နေပါ့မယ်"
အမျိုးသားနှစ်ဦးခွဲခွာရတော့မှာမို့
အလွမ်းပြေတစ်ဦးနှင့်တစ်ဦးခပ်တင်းတင်းဖက်ထားလိုက်ကြသည်

ဝဏ္ဏဒီနေ့တစ်နေ့လုံးသူ့အားနှောက်ယှက်နေသည့်အမျိုးသားနှစ်ဦး၏
ရုပ်ရည်အားရှင်းလင်းစွာမြင်ရဖို့အနားတိုးကပ်သွားတော့မဲ့အချိန် လှုပ်နှိုးခံလိုက်ရသည်

"ဟေ့ကောင် ဝဏ္ဏ...ထ! ထ"

ဝဏ္ဏအိပ်ချင်မူးတူးဖြင့် မျက်လုံးတို့အားပွတ်သပ်လိုက်ပြီး
"မင်းတို့နှစ်ယောက်မိုးမလင်းသေးဘူး ဘာဖြစ်လို့ငါ့ကိုလာနှိုးတာလဲ"

"မင်းသေချာနားထောင်ကြည့်စမ်း..."

ဝဏ္ဏနားစွင့်ကြည့်လိုက်တော့သံချောင်းတွေအား
ခေါက်နေသည့်အသံကိုကြားရသည်
"ဒါသံချောင်းခေါက်သံမဟုတ်ဘူးလား"

"အေးဟုတ်တယ် အဲ့တာကြောင့်ဘဲမင်းကိုလာနှိုးတာ
သူကြီးကပြောတယ် ဒါလူစုဖို့ရွာကင်းတဲတွေကအချက်ပေးတဲ့အသံတဲ့
အဲ့ဒီကိုလူစုဖို့သွားတဲ့ဆီငါတို့ပါလိုက်သွားရမယ်"

"အေးအေး..."
အဲဒီနောက်မှာတော့ သူကြီးနဲ့အတူ
ရွာတောင်ပိုင်းကင်းတဲဆီရောက်သွားကြသည်
သူကြီးပြောတာတော့ ဒီကင်းတဲတွေကိုထားတာက
သူခိုးဓါးပြတွေဖြစ်ဖြစ် မီးဘေးဖြစ်ဖြစ် ညအချိန်ကြုံတဲ့အခါ
ယောက်ျားသားတွေလူစုဖို့ သံချောင်းခေါက်အချက်ပေးတာက
ရွာပတ်ပြီးဆော်သြတာထက်အချိန်ကုန်သက်သာတယ်
နောက်ရည်ရွယ်ချက်တစ်ခုကတော့
ကလေးငယ်တွေနဲ့အမျိုးသမီးတွေ အရေးကြုံရင်ရှောင်ပြေးဖို့နိုးနိုးကြားကြားဖြစ်နေစေရန်အတွက်တဲ့

မြွေဖြူအရှင်《Complete 》Where stories live. Discover now