☆22☆

2.6K 146 1
                                    

မြွေဖြူအရှင်
အပိုင်း၂၂

မနက်က ဝဏ္ဏနဲ့ပြသနာတတ်ထားတာကြောင့်
အသင်္ခရာဂူပြင်မထွက်ဘဲ စိတ်ငြိမ်သွားအောင်တရားထိုင်နေခဲ့သည်
ထိုစဥ် ဂူထဲထိုးဖောက်ဝင်ရောက်လာသော လူစိမ်းအနံ့အားခံစား
လိုက်ရသည်

"ဂူထဲလူဝင်လာတယ် သွားကြည့်စမ်းသိင်္ခနဲ့လင်္ကာ"

"မှန်ပါ့"
သူ့အမိန့်ရတာနဲ့ သိင်္ခနဲ့ လင်္ကာက မြွေအသွင်ပြောင်းသွားပြီး
ဂူပေါက်ရှိရာသို့လျှောတိုက်ထွက်သွားသည်

အောက်လမ်းဆရာသာဂနဲ့ ဦးရာမတို့သည်
အသင်္ခရာအားသတ်ရန်ဂူအတွင်းသို့ ကျူးကျော် ဝင်ရောက်လာသည်

"ဂူကအရမ်းကျယ်ပြီးလမ်းတွေများသား.."

"ဟုတ်တယ် အသင်္ခရာကဒီဂူရဲ့အနက်ဆုံးအပိုင်းမှာရတနာတွေကိုစောင့်ကြပ်နေတယ်
လမ်းတွေကတော့ သူနေထိုင်တဲ့နေရာကိုကျုပ်တို့တွေအလျင်အမြန်မရောက်နိုင်အောင်လှည့်စားထားတာ
သတိထားနေတော့သူ့ဂူထဲကျုပ်တို့ ရောက်နေတာ သူသိသွားလောက်ပြီ"

"အင်း....."

သူတို့လမ်းအနည်းငယ်သာ ဆက်လျှောက်ရသေးတယ်
ကျယ်လောင်တဲ့မြွေတွန်သံနှစ်ခုကိုကြားလိုက်ရတာကြောင့် ခြေလှမ်းတို့တန့်လိုက်သည်

"အခုလာနေတာ အသင်္ခရာလား"

"မဟုတ်ဘူး သူ့အစေအပါးတွေ ရော့ ဒီမြက်ကိုယူထား
သူတို့အနားမကပ်လာဘူး"

သာဂ ဦးရာမကိုမြွေလျှာမြက်လှမ်းပေးလိုက်ပြီးနောက်
ဓါးတိုတစ်လက်ကို ဂါထာတွေမန်းမှုတ်နေတယ်
ဦးရာမကတော့မြွေလျှာမြက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားရင်း ဂူပတ်ပတ်လည်အားစစ်ဆေးကြည့်ရှုနေတယ်

"သာ...သာဂဟိုမှာမြွေကြီးနှစ်ကောင်.."

ကြီးမားလွန်းသည့် မြွေနက်ကြီးနှင့် မြွေစိမ်းကြီးကို
မြင်သည့်အခါ ဦးရာမအလန့်တကြားအော်လိုက်သည်

"မကြောက်နဲ့..ကျုပ်ပေးထားတဲ့မြွေလျှာမြက်ကိုသာသေချာကိုင်ထား"
ထိုသို့ပြောပြီးတာနဲ့  သာဂက မန်းမှုတ်ထားတဲ့ ဓါးကိုသေချာကိုင်ကာ
အနားတိုးကပ်သွားသည်

မြွေဖြူအရှင်《Complete 》Where stories live. Discover now