☆24☆

3K 144 1
                                    

မြွေဖြူအရှင်
အပိုင်း၂၄

______________၃ရက်ကြာပြီးနောက်______________
ဒီရက်ပိုင်းရွာထဲကလူများစွာ မြွေကိုက်ခံရ၍
အသက်ဆုံးရှုံးကုန်သည်
အကိုက်ခံရသည့်လူတိုင်းဟာလည်းဘယ်တော့မှဆေးမမှီကြဘူး

"အသင်္ခရာ..."

"အင်း"

"အခုဖြစ်ပျက်နေသမျှကိုဘယ်လိုထင်လဲ"

ဝဏ္ဏအမေးကြောင့်အသင်္ခရာ တွေးဆကြည့်လိုက်သည်
မြွေကိုက်ခံရတယ်လို့သာပြောနေကြတာ ဒီနယ်ကမြွေမှန်သမျှသူ့အသိမပေးဘဲ
မကောင်းမှုမလုပ်ရဲကြပေ
အထူးသဖြင့် ဒီလိုနေ့စဥ်ရက်ဆက်လူသတ်တာမျိုးဆို ပိုတောင်မလုပ်ဝံ့ကြဘူး

ဧကန္တတိုက်မြွေလား
ထိုအတွေးကို အသင်္ခရာအပြင်မှာပါထုတ်ပြောလိုက်မိသည်

"တိုက်မြွေကဘာလဲ"
ဝဏ္ဏမရှင်း၍မေးကြည့်လိုက်သည်
အသင်္ခရာပါးစပ်ကထွက်သမျှအထူးအဆန်းကြည့်ဘဲ

"တိုက်မြွေကအောက်လမ်းစရာတွေလူသတ်ဖို့သုံးတဲ့နယ်ရုပ်ဘဲ

တိုက်မြွေလုပ်မယ်ဆို သင်္ချိုင်းကရွှံ့ရယ် လူအရိုးပြာရယ်
ဘုရားပျက်တွေကအုတ်နီခဲမှုန့်ရယ်ပြီးတော့ မြွေဟောက်သည်းခြေနဲ့ သွေး လိုတယ်
ပစ္စည်းအားလုံးစုံရင်သမအောင်ရောမွှေပြီးလက်ရာမြောက်တဲ့မြွေရုပ်လုပ်လို့ရပြီ

ရလာတဲ့မြွေရုပ်ကိုအခြောက်ခံဖို့နေပူလှန်းတဲ့အခါ အစီအရင်လုပ်တဲ့သူက
ဂါထာ​မန္တန်တွေမပြတ်ရွတ်နေရတာ
ဒါတွေအားလုံးပြီသွားရင်နောက်ဆုံးအဆင့်အနေနဲ့ နက္ခတ်အဝင်အထွက်ကောင်းတဲ့ညအချိန်
သင်္ချိုင်းထဲမှာ တိုက်မြွေအသက်သွင်းရတယ်......"

"အဲ့တိုက်မြွေဆိုတာ ဟိုတစ်ခါရွာသားတွေကိုဆွဲသွားတဲ့မြွေညိုကြီးလိုလား"
ဝဏ္ဏပြောတဲ့မြွေညိုကြီးဆိုတာ
အောက်လမ်းဆရာသာဂခုနှစ်စင်အစီအရင်အတွက်
အသုံးချခဲ့တဲ့မြွေကြီးကိုပြောခြင်းဖြစ်သည်

"မတူဘူး အဲ့တုံးကတွေ့တဲ့မြွေညိုကြီးက
အောက်လမ်းရဲ့ဆေးမိထားလို့သူခိုင်းသမျှလုပ်နေရတာ
ဆေးပြယ်သွားရင်အမိန့်မနာခံတော့ဘူး

မြွေဖြူအရှင်《Complete 》Where stories live. Discover now