☆20☆

2.9K 158 0
                                    

မြွေဖြူအရှင်
အပိုင်း၁၉

နောက်တစ်နေ့မှာတော့ ရွှေဖခင်ဦးရာမက
ဘုရားဂူရွာကိုရောက်လာသည်
သူ့သမီးအလောင်းကိုမြို့ပြန်ယူသွားဖို့အတွက်ပေါ့

သို့သော်သူကြီးတို့ကပြန်ယူခွင့်မပေးဘူး
ဘာလို့ဆို ရွာရဲ့ဓလေ့က ဘယ်သူသေသေ ဒီရွာမှာသေရင်ဒီရွာမှာဘဲမြှုပ်ရတာမလို့တဲ့

"ကျုပ်ကဖခင်ပါကျုပ်သမီးအလောင်းကိုပြန်ယူသွားချင်တာ ခင်ဗျားတို့ခွင့်ပြုချက်လိုသေးလို့လား!"

"ကျုပ်တို့ကလည်း အလောင်းကိုဦးရာမနဲ့ပြန်မထည့်ပေးလိုက်နိုင်ဘူး
ဒီရွာမှာသေတဲ့လူကို ဒီမှာမမြှုပ်ရင် ကျုပ်ရွာသားတွေဆက်တိုက်သေကြလိမ့်မယ် "

"ဒါဘယ်လိုတောင်အဓိပ္ပါယ်မရှိတဲ့အယူအဆကြီးလဲ!"
နဂိုဒေါသကြီးတဲသူမို့ ဦးရာမကသူကြီးကိုထိုးမယ်ကြိတ်မယ်လုပ်တော့သည်
ရွာသားတွေကလည်း သူတို့သူကြီးကိုအထိမခံဘဲတုတ်ဆွဲဓါးဆွဲလုပ်ကုန်တော့သည်
နောက်ဆုံးအခြေအနေကိုဝင်ထိန်းရတာဝဏ္ဏပင်

"တော်ကြပါတော့ဗျာ ...."

"မောင်ဝဏ္ဏ ဘေးဖယ်နေစမ်း! ဦးသမီးအလောင်းကိုမြို့ပြန်သယ်ဖို့
ဒီလူတွေကိုသတ်မှရမယ်ဆိုရင်တောင်ဦးသတ်မှာ"

"စိတ်လျှော့ပါဦးလေးရယ် ကျွန်တော်သူတို့ကိုဖြောင်းဖြကြည့်မှာမို့
အခုတော့အနားယူလိုက်ပါ"

ဦးရာမ ဝဏ္ဏစကားကြောင့်စိတ်လျှော့လိုက်တာတောင်
သူကြီးတို့အားမကျေနပ်သေးပေ
"သတိထားနေ ခင်ဗျားတို့တစ်ရွာလုံးမီးလောင်တိုက်သွင်းပစ်မယ်" ဟုကြိမ်းဝါးပြီးမှအဝေးကိုထွက်သွားတော့သည်

ဦးရာမဒေါသတကြီး လျှောက်လာရာတောစပ်နားအထိရောက်လာပြီ
အခုထိဒေါသအရှိန်မှာမပြေးသေး
သူ့သမီး ရုတ်တရက်ဆုံးသွားတာ သွေးရိုးသားရိုးတော့မဖြစ်နိုင်
နောက်ကွယ်မှာတစ်ခုခုရှိရမယ်
ဧကန္တရွာသားတွေများသတ်လိုက်တာလား
အဲ့တာကြောင့်သမီးဖြစ်သူရဲ့အလောင်းကိုမြို့ပြန်ယူသွားမှာတားမြစ်နေနေကြတာလား
ဒီထင်မြင်ချက်က အရမ်းကို အကျိုးအကြောင်းဆီလျော်တယ်

မြွေဖြူအရှင်《Complete 》Where stories live. Discover now