နှင်းကျတဲ့ ရက်တွေမှာ စိတ်ကလေးတော့ဖြင့် နွေးပါစေ။နှလုံးသားတွေ အရမ်း ထိခိုက်နာကျင်ရတဲ့အခါမျိုးမှာ အရိပ်အခြေ မကြည့်ဘဲ တိုးဝင်သွားနိုင်မဲ့ ရင်ခွင်လေးတစ်စုံကို ထိုက်ထိုက်တန်တန် ပိုင်ထားရပါစေ။
တစ်ယောက်တည်း နေချင်တဲ့ အခိုက်အတန့်မှာ မတော်တဆ ကြည့်မိတဲ့ ရုပ်ရှင်က ဝမ်းနည်းစရာတွေ ကင်းပါစေ။
တစ်စုံတစ်ယောက်ကို အဝါရောင်တွေ လက်ဆောင်ပေးတိုင်းမှာ အဲဒီလူ ပြန်ရမဲ့ အရောင်က အဝါရောင်တွေပဲ ဖြစ်ပါစေ။
ခလုတ်တိုက် လဲကျချိန်မှာ ပန်းပွင့်ဖတ်နုတွေသာ အဲဒီ မြေပြင်ပေါ် ကြီးစိုးထားပါစေ။
မျက်လုံးတစ်စုံ မှိတ်လိုက်တဲ့ အခိုက်မှာ မက်သမျှ အိပ်မက်တိုင်းက ရွှေအနားကွပ်တွေနဲ့ ဝန်းရံထားပြီး သားနားနေပါစေ။
နောက်ဆုံးအချိန်တစ်ခုပေါ် စိုးစိုးရွံ့ရွံ့ ဖြတ်နင်းလာရတဲ့ အခါမှာလည်း၊
ကျေးဇူးပြုလို့ ငါတို့နှစ်ယောက်စလုံး ကိုယ့်ကိုယ်ကိုယ် အများကြီး အပြစ် မတင်ဘဲ၊ နှုတ်ဆက်စကားတစ်ခွန်းကို လှလှပပလေး ဖလှယ်နိုင်ခဲ့ကြပါစေ။
YOU ARE READING
အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကား
Poetryဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio