22. plot twist

39 8 0
                                    

အဲဒီလူဟာ ငါ ထင်ထင်ရှားရှား လှမ်းမြင်နေရပေမဲ့ ဘယ်တော့မှ ပုလင်းတစ်လုံးထဲ ရာရာစစ ထည့်သိမ်းထားလို့ ရမှာ မဟုတ်တဲ့ တိမ်ထုလေးပေါ့။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


အဲဒီလူဟာ ငါ ထင်ထင်ရှားရှား လှမ်းမြင်နေရပေမဲ့ ဘယ်တော့မှ ပုလင်းတစ်လုံးထဲ ရာရာစစ ထည့်သိမ်းထားလို့ ရမှာ မဟုတ်တဲ့ တိမ်ထုလေးပေါ့။

အဲဒီလူ ပိုင်ထားတဲ့ ခမ်းနားမှုတွေဟာ တစ်ဦးတစ်ယောက်တည်းအတွက် သီးသန့် လင်းတောက်နေတာလည်း မဟုတ်ခဲ့။
အားလုံး ညီတူညီမျှ ငေးမောဖို့။
အားလုံး ညီတူညီမျှ မင်သက်ဖို့။
အားလုံး ညီတူညီမျှ မပိုင်ဆိုင်ရဖို့ပါပဲ။

အပြီးသတ် ဇာတ်သိမ်းသွားတဲ့ ပြက္ခဒိန်အဟောင်းကို ဘယ်သူကမှ အရေးတရာ လုပ်ပြီး နေ့တိုင်း ပြန်လှန်မကြည့်ကြတော့တာ ထုံးစံပါ။
ငါ့မှာတော့ အဲဒီ ပြက္ခဒိန်အဟောင်းကို ဂရုဏာသက်ရင်း၊
အဲဒီ ပြက္ခဒိန်အဟောင်းအတွက် သနားစိတ်လွန်ကဲရင်းနဲ့ပဲ၊
လူတွေရဲ့ဟာသကြားထဲတောင် ဝင်မဆံ့တော့တဲ့အထိ ဘောင်အပြင်ဘက်ကို တရွေ့ရွေ့ ကျော်ထွက်သွားတော့တာ။

အဲဒီလူဟာ ငါ ခိုလှုံဖို့ လိုနေတဲ့ နွေဦးလေးပါပဲ။

ဒါပေမဲ့ အဲဒီလူကတော့ သူ ပိုင်တဲ့ နွေဦးရာသီလေးကြောင့် အတိုင်းအဆမဲ့ နွေးထွေးနေနှင့်ပြီးပြီ ထင်ပါတယ်။

အချစ်သူရဲကောင်းကြီးလိုမျိုး အဲဒီလူသာ ပျော်ရင် ဘာမှ ထပ်မလိုဘူး လို့ ကြွေးကြော်ထားတဲ့ ဒိုင်ယာလော့ကိုမှ မထောက်ပါဘဲ၊ သူ့ကိုယ်ပိုင်နွေဦးလေးကြောင့် အဲဒီလူ ပျော်နေရတဲ့ နေ့မျိုးတွေမှာ၊ ဘာမှ ထပ်မလိုတော့အောင် ပြည့်စုံတဲ့ အပြုံးမျိုးနဲ့ ပြုံးရယ်ပေးဖို့ကို ငါဟာ ချီတုံချတုံပဲ နှောင့်နှေးနေခဲ့ပြန်တာ။

အဲဒီလူဟာ ငါ့ရဲ့ အသာယာခဲ့ရဆုံးသော နွေဦးလေးပါပဲ။

ငါကတော့ အဲဒီလူအတွက် ဘယ်လို ရာသီဥတုမျိုးအဖြစ်နဲ့မှ ရပ်တည်မပေးနိုင်ခဲ့ပေမဲ့ပေါ့။

❛ဒါ ပြီးရင် ဘာဆက်ဖြစ်မလဲ❜ လို့ မျှော်လင့်တကြီး ရင်ခုန်နေဖူးတဲ့ ဆယ်ကျော်သက် ပစ္စုပ္ပန်တွေဟာ နုနယ်လှပခဲ့ပေမဲ့၊
❛ဒါ ပြီးရင် ဘာမှ ဆက်မဖြစ်တော့ဘူး❜ လို့ သေချာသွားတဲ့ လက်ရှိ မနက်ဖြန်တွေဟာတော့ ဆွေးမြေ့နေတဲ့ အုတ်ချပ်တွေလို တမြေ့မြေ့ အက်ကြေ။

ဗီဒိုထဲက အဖြူအမည်းစင်းအင်္ကျီလေးဟာ ယုံတမ်းစကားတွေကို လက်တွဲလို့ တိုက်ပေါ်ကနေ စိတ်ပျက်လက်ပျက် ခုန်ချသွားတဲ့အခါ၊ တကယ်တမ်း သေဆုံးကြောင်း ကြေညာလိုက်ရတာက ငါ့နာမည်အရင်း ဖြစ်နေခဲ့တဲ့ အဲဒီ ကပ်ဆိုက်ခြင်း။

အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကားWhere stories live. Discover now