အမှန်တရားဟာ ထက်ရှနေတဲ့ ဖန်ကွဲတစ်စ အသွင်နဲ့ ငါ့ လက်ကောက်ဝတ် သွေးကြောကို ဖြတ်ချလိုက်တဲ့အခါ တစ်ဦးတည်း မှတ်မိနေတဲ့ နှစ်ဦးဆိုင် အမှတ်တရတွေက နီနီရဲရဲနဲ့ ဒလဟော လျှံကျလာတယ်။အားကြိုးမာန်တက် တိုးနေတုန်းကဖြင့် မရွေ့ပါဘဲ၊ ခြေကုန်လက်ပန်းကျလို့ တုံ့ခနဲ ရပ်လိုက်တော့မှ ဧရာမ ပမာဏ အကွာကို ရောက်နှင့်နေတဲ့ ဒီ ထင်ယောင်ထင်မှားနိုင်မှု။
အရေးအကြီးဆုံး အရာကို
ကျပျောက်လိုက်။ ပြန်ကောက်လိုက်။
ပြန်ကျပျောက်လိုက်။
ပြန်ရှာတွေ့လိုက်။
ပြန်ကျပျောက်လိုက်။အိပ် မပျော်တော့တဲ့အခါ ညနက်တွေက ပို မှောင်တတ်တယ် ဆိုပဲ။
ဟုတ်လို့လားနော်။
အခုဆိုရင် မနက်ခင်းတွေဆိုတာလည်း လင်းမှ လင်းမနေတော့တာ။
YOU ARE READING
အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကား
Poetryဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio