21. အဲဒီလူ ရပ်မစောင့်ခဲ့တဲ့ ၃ နာရီနဲ့ ၃၇ မိနစ်များ

37 8 0
                                    

ရာသီဥတု သာယာတဲ့ နေ့တွေမှာရော၊ရာသီဥတု မသာယာတဲ့ ရက်တွေမှာရော၊

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ရာသီဥတု သာယာတဲ့ နေ့တွေမှာရော၊
ရာသီဥတု မသာယာတဲ့ ရက်တွေမှာရော၊

အဲဒီ ရထားဟာ တစ်ဘဝလုံး ငါ့ဆီ ဆိုက်ရောက်မလာတော့ဘူး။

ပန်းတွေ ပွင့်ဖူးတဲ့ ရာသီမှာရော၊
အရွက်တွေ ကြွေလွင့်တဲ့ နိဂုံးမှာရော၊

ခိုငှက်ဖြူဟာ တစ်ဘဝလုံး ငါ့အတွက် စာတစ်စောင် လာမပေးတော့ဘူး။

ဟက်တက်ကွဲ အုတ်ကြွတ်တွေကြား ပင်လယ်ငါးတွေ လမ်းထလျှောက်နေတဲ့ ပုံပြင်ထဲမှာရော၊
လူ့အဖွဲ့အစည်းဟာ ဘရိတ်ဓားတွေကို ရေလို အငမ်းမရ သောက်နေကြတဲ့ ပြဇာတ်ရုံထဲမှာရော၊

ဘယ်လို အပြာရောင် နွယ်ကြိုးကမှ ငါ့လက်တစ်ဖက်ကို တစ်ဘဝလုံး လာချိတ်မတွယ်တော့ဘူး။

ကံကြမ္မာရဲ့ သဘောထားကလည်း အင်မတန်မှ သေးသေးသိမ်သိမ်ရယ်။
မတွေ့ချင်တဲ့ သူတွေနဲ့ တေ့တေ့ဆိုင်ဆိုင် ဆုံနေရပြီး၊
တွေ့ချင်လွန်းသူတွေနဲ့တော့ တူးတူးခါးခါး ဝေးနေရ။

မျက်လုံးတွေ လေးလာလို့ ဒီည ၁၂ အတိမှာ alarm ချထားပြီး အိပ်လိုက်ပေမဲ့၊

alarm သံ မြည်လာတာက
နောက်ဘဝရဲ့ မနက် ၆ နာရီမှ။

အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကားWhere stories live. Discover now