25. ရတနာသိုက်ရဲ့ လျှို့ဝှက်သော့တံ

28 8 0
                                    

တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းက ပျံ့လွင့်လာတဲ့ ဝတ်ပြုသီချင်းတွေ။အဲဒီလူက ငါ မပိုင်ထားတဲ့ ဘာသာတရားရဲ့ ဆန်းပြားခြင်း၊ ပြီးတော့ အေးချမ်းခြင်းတွေ ဖြစ်ခဲ့တယ်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းက ပျံ့လွင့်လာတဲ့ ဝတ်ပြုသီချင်းတွေ။
အဲဒီလူက ငါ မပိုင်ထားတဲ့ ဘာသာတရားရဲ့ ဆန်းပြားခြင်း၊ ပြီးတော့ အေးချမ်းခြင်းတွေ ဖြစ်ခဲ့တယ်။

အသွား ကျဲတဲ့ ဘီးတစ်ချောင်းရဲ့ ကွက်လပ်ကြားထဲ မအိုဆေးကို ရှာနေမိသလိုမျိုး၊
ငါ့ကိုယ်ငါ နားလည်ပြီးကာမှ
ငါ့ကိုယ်ငါ ပြန်အံ့ဩခဲ့ရတဲ့၊
ငါ့ကိုယ်ငါ အားပေးထောက်ခံပြီးကာမှ
ငါ့ကိုယ်ငါ ပြန်အပြစ်ဖို့ခဲ့တဲ့၊
ဆုံးဖြတ်ချက်တွေ။ နောင်တတရားတွေ။

ဒဏ်ရာတွေနဲ့ အတုံးအရုံး လဲနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က အနား ရောက်လာပြီး ❛ဒီလို ဒဏ်ရာတွေရဲ့ နာကျင်မှုအတိုင်းအတာကို သိပ်သိတာပေါ့❜ လို့ ပြောတော့ အဲဒီလူက ပြုံးရုံလေး ပြုံးပြတယ်။

ဒဏ်ရာတွေနဲ့ အတုံးအရုံး လဲနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်က အနား ထပ်ရောက်လာပြီး ❛ဒီလို ဒဏ်ရာတွေရဲ့ နာကျင်မှုအတိုင်းအတာကို သိပ်နားလည်တာပေါ့❜ လို့ ပြောတော့ အဲဒီလူမျက်နှာဟာ တဖြည်းဖြည်း ပြောင်းလဲသွားရင်း ချုံးပွဲချ ငိုရှာတယ်။

❛သိတယ်❜နဲ့ ❛နားလည်တယ်❜ ဆိုတာက ချရေးရတဲ့ စာလုံးချင်း မတူသလို အဓိပ္ပာယ်ချင်းလည်း သိပ် ကွာဟလွန်းတာမို့။ အဲဒါကို သက်သေပြရတဲ့ အလုပ်ဟာ တစ်လောကလုံးမှာ အခက်ခဲဆုံး။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အရိုးစင်းဆုံးလည်း ဖြစ်နေတာမို့။

အနွေးဓာတ် အများကြီး လိုနေတဲ့ ကိုယ်လေးကို ထွေးပွေ့ပေးချင်ပေမဲ့လည်း နှလုံးသားလေလံတင်ဈေးက လေယာဉ်ခထက် တန်ဖိုး ပိုနိမ့်နေတဲ့အခါ၊
တသိမ့်သိမ့် စီးနေတဲ့ မျက်ရည်တွေကို တယုတယ သုတ်ပေးချင်ပေမဲ့လည်း လက်တစ်ဖက်က ၂ နာရီဇာတ်ကားတစ်ခုစာလောက်တောင် ရှည်လျားမနေတဲ့အခါ၊
စိတ်ရင်းကို ပါဆယ်ထုတ်ပြီး တစ်ဖက်ကမ္ဘာဆီ ပေးပို့ဖို့ လမ်းစရိတ်တောင်မှ မလောက်ငှ မတတ်နိုင်တဲ့အခါ၊
မေတ္တာတန်ပြန်သက်ရောက်မှုတွေ ဆိုတာကလည်း အလိုလို အချည်းနှီးပါပဲ။

အဲဒီလိုနဲ့ပဲ ဆောင်းမနက်တွေဟာ ပူအိုက်ရင်း။
အဲဒီလိုနဲ့ပဲ သကြားလုံးတွေဟာ ခါးသက်ရင်း။
အဲဒီလိုနဲ့ပဲ ပင်လယ်ရေတွေဟာ မာကျောသွားရင်း။

အဲဒီလိုနဲ့ပဲ အဲဒီလူဟာ အာမခံသက်တမ်းကုန်သွားတဲ့ ငါ့အိပ်မက်တွေကြား မှုန်ဝါး ပါးလျရင်း။

အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကားWhere stories live. Discover now