part_6

16.4K 1.6K 87
                                    

အိမ်မက်လှလှလေးတွေမက်ဖို့ရပ်တန့်ခဲ့သည်ကသခင်သာ…မြင်ဖူးချင်တဲ့အပြုံ တွေတောင်
အိမ်မက်ထဲမှာတောင်ပေးဖို့တွန့်တိုနေခဲ့သလားသခင်…ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းကသခင်အမိန့်ကိုမလွန်ဆန်တတ်သူမို့သခင်သည်သာကျွန့်တော်ဘဝတန်ဖိုးထားရာ…ဒါပေမဲ့အဲ့ဒါကိုဘယ်တော့မှဖွင့်ပြော
မှာမဟုတ်…သခင်သည်သူ့ကိုအငြိုးတွေနဲ့မုန်းတာထက်ပိုသည်…အိမ်မက်ဆိုးတွေတစ်ရေးနိုး
တော့ သောက်စရာရေကမရှိ…သခင့်အခန်းထဲ
ကရေခဲသေတ္တာလေးကသူ့အတွက်တော့မထိ
ရဲ…သခင်နဲ့ကျွန်သည်ကွာဟမူ့များရှိသည်မဟုတ်ပါလား…အားမပါတဲ့ကိုယ်လေးကိုဒယီးဒယိုင်နဲ့အားတင်းကာအောက်ထပ်သို့သာဆင်းလာခဲ့သည်…ဒါပထမဆုံးအိမ်ကြီးထဲမှာနေဖူး
ခြင်းပင်…တန်လျှားထက်တော့သာသည်
ဒီအိမ်ကြီးကတော့အပြင်မှာအေးနေတာတောင်နွေးနေသည်

အောက်ထပ်ကရေခဲသတ္တာထဲကရေဘူးလေးကိုယူကာသောက်လိုက်တော့လည်ချောင်းတစ်လျှောက်အေးမြစွာစီးဆင်းသွားသောရေများကြောင့်ဆာလောင်မူ့ကိုသက်သာစေသည်

""သား…ယောင်းငယ်လေး…''

အသံကြားရာလှည့်ကြည့်တော့အိမ်တော်ထိန်း
ကြီး ရယ်…သူရှိမဲ့မရှိမဲ့အားလေးကိုယူကာပြုံး
ပြလိုက်သည်

"ယောင်းငယ်…ကလေးလေးသက်သာရဲ့လား"

"အင်း…သက်သာပါတယ်ဦလေး…ဒီအချိန်ထိမအိပ်သေးဘူးလား…မနက်လဲအစောကြီးထရမှာကို…စောစောအိပ်မှပေါ့…''

ထိုကလေးငယ်သည်သူနဲ့ပတ်သက်သမျှလူတိုင်းကိုအရမ်းချစ်ခင်တွယ်တာရှာသည်…ဒီအိမ်
တစ်ခုလုံးရဲ့ဘယ်အလုပ်သမားဘယ်အတန်းအစားကမှtaehyungငယ်ကိုမမုန်း…အိမ်ကြီး
ရှင်ကလွဲလို့

''ဦးလေးကအောက်ထပ်မှအိပ်ရတော့တစ်ခါတစ်လေသခင်ဆင်းရင်ဘာများလိုအပ်လဲလို့ထမေးနေကြမို့လို့ပါ… သခင်ဆင်းလာတယ်ထင်တာယောင်းငယ်ဖြစ်နေတာကို…''

သခင်သည်လည်းသူ့လိုပဲညဘက်အိမ်မက်ဆိုး
မက်တတ်သည်လား…

"ယောင်းငယ်လေးကို hoseokလေးph ဆက်ထားတယ်…hoseok လေးလည်းအကြောင်းစုံသိသွားတော့စိတ်ပူနေတာ…''

My Doll (Complete)Where stories live. Discover now