part-18

12K 1.2K 94
                                    

ဆေးရုံဝင်ပေါက်မှတစ်ဆင့်မြောက်များစွာသောသတင်းမီဒီယာသမားများကိုတိုးဝှေ့ရင်းဝင်လာခဲ့ရသည်…တစ်နိုင်ငံလုံးအုန်းအုန်းကျွတ်ကျွတ်ဖြစ်စေနိုင်လောက်အောင်…jungkookနဲ့…Hannaရဲ့datingသတင်း!.…ပြည်သူ့အချစ်တော်လေး…Lee  Hannaအခုလိုကိုယ့်ကိုကိုယ်သေကြောင်းကြံမူ့အတွက်…jungkookကိုမီဒီယာတွေမှာရော…လူမူ့ကွန်ယက်တွေပေါ်မှာရောဝေဖန်တိုက်ခိုက်သူများပြားလာခဲ့သည်

''Jeon  jungkookssi…အခုlee hannaမှာကိုယ်ဝန်လွယ်ထားရတယ်ဆိုတာ…မှန်ပါသလားခင်ဗျ…''

''CEO.…jeon  jungkook…အခုlee  hanna
သေကြောင်းကြံမူ့က…ခင်ဗျားနဲ့သက်ဆိုင်နေသလား.…''

Jungkookကိုသူထက်ငါအတင်းပြိုင်ပြီးသူနိုင်ကိုယ်နိုင်သတင်းရယူဖို့အတွက်အမဲဖြတ်သလိုလုပ်နေကျသောမီဒီယာသမားတွေကိုလစ်လျူရူကာသူလူနာအခန်းထဲသို့ဝင်လာခဲ့သည်…

ကုတင်ပေါ်မှာတော့…lee Hannaသည်ဖြူဖျော့စွာလဲလျောင်းလျက်

သူမရဲ့မိခင်…lee Taeheeကတော့မီးမြိုက်မတတ်…ဝါးစားမတန်အကြည့်စူးစူးတွေသာ…jungkookဆီကိုပစ်လွှတ်သည်

''မင်းဘာလာလုပ်တာလဲ…မင်းကြောင့်ငါ့သမီးလေး…ဒီလိုအဖြစ်ဆိုးတွေနဲ့ကြုံရတာ…မင်းကိုခွင့်မလွှတ်ဘူး…''

jungkookဆီအပြေးလာကဒေါနဲ့မောနဲ့ပြောနေသော
Lee Taeheeအားတစ်ချက်ကြည့်လိုက်သည်…
jungkookဒီကိုလာတာ…lee Taeheeနဲ့တွေ့
ဖို့မဟုတ်…lee Hannaနဲ့အကျိုးအကြောင်းပြောဖို့…ဒီပုံစံအတိုင်းဆက်သွားရင်မလွယ်တာမို့…ဆုံဖြတ်ချက်ဒါမှမဟုတ်သဘောတူညီချက်တစ်ခုရအောင်လာခဲ့ခြင်းဖြစ်သည်…

မှန်ကန်သောခြေလှမ်းတွေနဲ့ပဲ…သူ  Lee hannaဘေးကခုံလေးပေါ်တွင်ဝင်ထိုင်လိုက်သည်

''ကိုကို…ကိုကို…Hannaကိုလာကြည့်တာလား…''

ဖြူဖျော့နေသောမျက်နှာလေးပေါ်တွင်ပုလဲဖြူမျက်ရည်ဥတို့ကျဆင်းလာသည်…

''ဘာလို့ဒီလိုလုပ်ရတာလဲHanna…''

jungkookအမေးကို…Hannaအဖြေမပေး
သေး…မျက်ရည်စက်တို့သာတွင်တွင်ကျလျှက်

''ဒီကိုဘာလို့အရဲစွန့်ပြီးလာတာလဲ…ဒီလောက်မီဒီယာသမားတွေနဲ့ကိုကို…စိတ်ပင်ပန်းမှာပေါ့…''

My Doll (Complete)Where stories live. Discover now