part_17

12.3K 1.2K 45
                                    

မနက်ခင်းနေရောင်နုနုကြောင့်…taehyung
မျက်လုံးများကိုစတင်အလုပ်ပေးမိသည်…ကျောပြင်အောက်ကနူးညံ့တဲ့အထိအတွေ့ကြောင့်
သူအပြစ်ပေးတဲ့အခန်းဆီကနေ…သူသခင့်အခန်းထဲသို့ရောက်နေပြန်သည်ကိုသတိထားမိသည်…ဘေးနားကိုလှည့်လိုက်တော့…သခင်ရယ်
သူကိုစိုက်ကြည့်နေတာ!.…အမျိုးအမည်မသိခံစားချက်တစ်ခုကသူ့ရင်ထဲမှာဆစ်ကနဲ'…မျက်တွင်းချိုင့်နေပုံအရ…ညကအိပ်မထားဘူးလားသခင်

''Jeon…ညကမအိပ်ရသေးဘူးလား…''

သူ့စကားကိုဘာမှမပြောနိုင်အောင်…သခင်သည်သူ့ကိုငေးမောလျက်…အိပ်ယာထခါစဆံနွယ်လေးတွေက…သခင့်လက်ထဲမှာပိုပြီးဖွာလန်ကျဲကုန်သည်

''ကြောက်လို့!…ထွက်ပြေးသွားမှာကြောက်လို့
နောက်ပြီး…ကိုယ့်ကိုထားသွားမှာကြောက်လို့'…''

သနားစဖွယ်ပြောလာတဲ့…သခင့်စကားတွေကြောင့်သူ့ရင်ခုန်သံတွေလမ်းပျောက်ကုန်သည်

''ကိုယ့်…Taeကိုမယုံရဲတော့ဘူး…Tae  ကလိမ်တယ်…ကိုယ့်ကိုချစ်တယ်ဆို…ဘာလို့ကိုယ့်အနားကပဲ…ထွက်သွားဖို့ကြိုးစားနေတာလဲ…''

သခင်သည်…စိတ်လွတ်နေတဲ့လူလိုပင်သူ့အပေါ်ကနေတက်ခွကာသူ့အား…လည်ပင်းညှစ်တော့သည်…

ပါးစပ်ကနေတစ်ဖွဖွ…ပြောနေသည့်စကားက

''Taeကိုမယုံဘူး!…မယုံဘူး!…''

ဆိုတာကိုတရစပ်ပြောနေရှာသည်
တဖြည်းဖြည်းသန်မာတဲ့လက်တွေကြောင့်အသက်ရူဖို့ပါခက်ခဲလာပြီး…မျက်လုံးများဖြင့်အသနားခံမိသည်…သူ…သခင့်လက်ထဲမှာပင်သေရတော့မည်လား…တစ်စက္ကန့်တောင်…မနည်းအားတင်းရူနေရတဲ့…oxygenကိုပိုလိုလား
သည်…
ပြူးကျယ်ဝိုင်းစက်ပြီးအသနားခံလာတဲ့မျက်ဝန်းတစ်စုံ'…ထိုမျက်ဝန်းတွေကသူ့ရင်ကိုနာကျင်စေသည်…သူစိတ်လွတ်မိရာမှ…TAEကိုနာကျင်စေခဲ့
ပြန်ပြီလား!.…မဟုတ်ဘူး…Tae…

Taeကိုကိုယ်ချစ်တာ…နာကျင်ဖို့မရည်ရွယ်ခဲ့ဘူး…ကိုယ့်အရုပ်ကလေးကိုကိုယ့်အနားကနေထွက်းပြေးမှာစိုးလို့ကိုယ်အပြစ်ပေးချင်ရုံသက်သက်ပါ…Tae

သူခန္ဓာကိုယ်အောက်ကနေ…သူကိုကြောက်လန့်ကာကြည့်နေတဲ့…Taehyungမျက်ဝန်းလေးတွေ…ကိုယ့်ကိုကြောက်နေပြီလား…Tae

My Doll (Complete)Where stories live. Discover now