part_8

16.2K 1.5K 107
                                    

သူဘယ်လောက်တောင်အိပ်ပျော်သွားလဲမသိ
သူနိုးလာတဲ့အခါ…သခင့်အိပ်ယာထက်မှာ
ခပ်သင်းသင်းမွှေးနေတဲ့မွေ့ယာခင်းလေးမှာသခင့်ကိုယ်သင်းရနံ့ကိုရလိုရငြားသူနမ်းလိုက်သေးသည်…သခင်သူနေမကောင်းတဲ့အချိန်မှာ
အဲ့လောက်လေးဂရုစိုက်ပေးရုံနဲ့သူသေမလောက်ပျော်နေသည်ကို…သခင်သိစေချင်

''နိုးနေပြီလား…''

အခန်းထဲကိုဝင် လာတဲသူကသူမျော်မှန်းထားသလိုသခင်မဟုတ်ဘဲ…yoongi  hyungသာ

''အင်…အခုလေးတင်မှနိုးတာပါ…hyung…hyung ရော…ဒီလောက်ဆေးရုံမှာပင်ပန်းလာတာ…အိမ်ပြန်ပြီအနားယူအေးအေးဆေးဆေးနေသင့်တာပေါ့…ထယ်ကြောင့်…ထယ်ကြောင့်…'ပင်ပန်းရပြီ!""

ပြန်ကြားယောင်လာပါသည်
သခင့်စကားတွေကို…သခင်ပြောနေကျမို့လို့
သူဘာသာသူမှတ်မိတာလား…သူကိုယ်တိုင်ပဲ
သခင့်စကားကို…နလုံးသားထိစွဲအောင်မှတ်မိနေတာလား…မဝေခွဲတတ်

'အရူပ်ကောင်'…မင်းဟာလူတိုင်းကိုလိုက်ပြီး
ဒုက္ခပေးတတ်တဲ့…အမိုက်လိုကောင်…''

ဟုတ်ပါသည်…အခုလဲကျွန်တော်ပေးတဲ့ဒုက္ခေ
ျကြာင့်Yoongi  hyungတစ်ယောက်ကောင်း
ကောင်းမနားရ…မနက်တုန်းကလဲသူကိုစိတ်မချလို့အသဲအသန်လာရှာရသည်မဟုတ်ပါ လား

yoongi  pov

ထိုကလေးငယ်သည်…အားငယ်လွယ်တတ်သည်…ဖြူစင်တဲ့စိတ်ကြောင့်အရောင်ဆိုးလွယ်သောကလေးငယ်ကို…jungkookသည်ငယ်စဉ်ကတည်းကကြောက်လန့်အောင်ရင့်သီးသောစကားတွေနဲသာထိုးနှက်သည်…အမုန်းတရားတွေနဲ့သာဆက်ဆံသည်…သို့သော်ထိုကလေးငယ်သည်jungkook…ရဲ့အမုန်းတွေနာကျည်းမူ
တွေနဲ့သာနေသားကျစွာကြီးပျင်းလာသည်
အခုလဲဘာတွေတွေးနေသလဲ…ပန်းနုရောင်ခပ်ပြေးပြေးမျက်နှာလေးသည်ငိုမဲံ့မဲ့အသွင်ပြောင်းကာပုလဲဖြူဥတို့ခဆင်းလာရပြန်သည်

''ဟေ့…ဟေ့…ဘာလို့ငိုတာလဲ…ကိုယ်စိတ်
မကောင်းဖြစ်အောင်…''

ဘာမှမဟုတ်ပါဘူးဆိုပြီးခေါင်းလေးအတွင်တွင်ခါရှာသည်…မနေနိုင်သည့်အဆုံးကလေးဘေးနာတိုးထိုင်ကာခေါင်းလေးကိုပုတ်ပေးတော့တအီအီငိုလာသောကလေးငယ်…သူချော့ရတော့သည်!
"ဘာတွေဖြစ်နေကြတာတုန်း…''

My Doll (Complete)Όπου ζουν οι ιστορίες. Ανακάλυψε τώρα