part_7

16.3K 1.5K 112
                                    

လမ်းတစ်လျှောက်ဟိုမှဒီကူးလူးနေကြတဲ့လူများကိုစိတ်ဝင်စားစရာမြင်ကွင်းသဖွယ်ပြူးကြောင်
ကြောင်ကြည့်နေသောကောင်လေး…ကျောင်းတက်နေသည့်သူလိုအရွယ်ကောင်လေးတွေကောင်မလေးတွေမြင်ရင်တော့အဲကလေးမျက်နှာမသိမသာပျက်သွားတတ်သည်…သူ့အတ္တကြောင့်ဆို
ပေမဲ့တစ်ကယ်တမ်းနစ်နာခဲ့သူကလေးငယ်ပင်
ကိုယ့်ကိုကိုယ်အပြစ်ရှိတယ်လို့ယူဆပေမဲ့ကလေးငယ်ကလည်းသူအမုန်းဆုံးမိန်းမရဲ့ဗိုက်ထဲမှာသန္ဓေတည်လာတာလည်းအပြစ်လိုပင်…
ဘာမှမသိတဲ့ကလေးငယ်တစ်ယောက်လိုလမ်းတစ်လျှောက်အပူအပင်မဲ့စွာ…တစ်ခါတစ်လေမှ
ဖြစ်ပေါ်တတ်သောအပြုံးလှလှတို့မပျောက်ကွယ်စေလို၍သူလစ်လျူ  ရူလိုက်သည်…
တစ်ကယ်တမ်းဆိုသူသည်ကလေးငယ်ရဲ့အပြုံး
တို့ကိုသူတစ်ယောက်ထဲကလွဲပြီးတစ်ခြားမည်သူ့ကိုမျှမပြလိုပါ…ပျော်နှင့်ဦးပေါ့ကလေးငယ်

''ငါ့နောက်ကနေလိုက်ခဲ့…''

မြင့်မားခမ်းနားသောတိုက်ကြီးကိုအံသြဖွယ်မျက်နှာလေးနှင့်ငေးကြည့်နေတဲ့ကလေးငယ်

''သခင်ကတော်လိုက်တာ…ဒီလိုအကြီးကြီးတစ်ခုလုံးကိုအုပ်ချုပ်နိုင်တာသခင်အရမ်းတော်တာပဲ…ကျွန်တော်သခင့်ကိုအရမ်း…'''

သူ့ကိုအားကျသလိုချီးမွမ်းခန်းဖွင့်နေတဲ့ကလေးငယ်…သူရဲ့စူးရှတဲ့အကြည့်တွေမခံနိုင်ရော့တော့ထင်…နူတ်ခမ်းလေးတစ်ပြင်ပြင်နဲ့…ဆက်ကာအသံမထွက်တော့…ပြောပါကလေးငယ်
ကိုယ့်ကို…အဲ့စကားရဲ့အနောက်မှာကလေးငယ်ရဲ့
ခံစားချက်တွေပါလာနိုင်တာမို့အားမနာတမ်း
ပြောပါ

''ဆက်ပြောလေ…Kim  taehyung…ငါ့ကို
အရမ်း…ဘာဖြစ်လဲ…ဆက်ပြော…''

သူ့ရဲ့အေးစက်စက်စကားသံကြောင့်လက်တို့
သည်ဂဏာမငြိမ်စွာပွတ်သတ်ကုန်သည်…ခေါင်း
ကိုအောက်ငုံကာနူတ်ခမ်းထောင့်ကိုစိတ်လူပ်ရှားဟန်ဖြင့်ဖိကိုက်ထားသည်…

'ကျွန်တော်…အရမ်းလေးစားတယ်…အားလည်း
အားကျတယ်…သခင်ကထူးချွန်ထက်မြတ်တဲ့
ယောကျာ်းတစ်ယောက်ပါ…''

သဘောကျတဲ့အဖြေမဟုတ်ပေမဲ့အထိုက်အလျှေက်လေးတော့သူ့ရဲ့တစ်နေ့တာခွန်အားကိုဖြစ်စေသည်

My Doll (Complete)Where stories live. Discover now