part_9

15.3K 1.4K 116
                                    

ဝိုးတဝါးလှောင်ရယ်သံများအကြားသူအသက်
ရူရကျပ်လာသည်…နားထဲမှာကြားရသောမိန်း
မတစ်ယောက်ရဲ့ရီသံလွင်လွင်'…ရွှေဝါရောင်
ဆံနွယ်အရှည်များနှင့်သူမသည်နတ်သမီးအလား…ထိုမိန်းမသည်…သူနာကျည်းတာထက်…ပိုမုန်းတာထက်ပိုသော…kim taeyoon
ခေါ်Kim  taetaeဆိုတဲ့မိန်းမ…အဲ့မိန်းမသည်သူ့အားလှောင်ရီနေပြန်သည်…သူမရဲ့လှောင်ရီသံအကြားjungkook  အားတွေယုတ်သွားသလိုခံစားရသည်…သူမသည်jungkookအားတမလွန်တွင်လှောင်ရီနေပြန်သည်…မုန်းတယ်
Kim  taetaeကို…မုန်းတယ်…

အိမ်မက်ဆိုးကလန့်နိုးတော့ကလေးငယ်ရဲ့
ရင်ခွင်ထဲမှာ…သူရုတ်တရပ်လူပ်ရှားလိုက်တော့ကလေးငယ်သည်လန့်သွားရော့ထင်

''jeon…အဆင်ပြေလား…ဘာဖြစ်တာလဲဟင်
အိမ်မက်ဆိုးတွေမက်နေတာလား…တစ်ကိုယ်လုံးလဲချွေးတွေရွဲနှစ်လို့'…Jeonရယ် ''

နဖူးမှချွေးစအားသုတ်ရန်လက်လှမ်းလာသောကလေးငယ်ရဲ့လက်ကိုjungkookခပ်ပြင်းပြင်း
ပုတ်ချလိုက်သည်…သူ့ရဲ့လုပ်ရပ်ကိုနားမလည်
နိုင်သောကလေးငယ်ကကြောင်အစွာ…ဒီညတော့ကလေးငယ်ကိုအိမ်မက်ကြောင့်အနားမှာထားအိပ်ဖို့သူစိတ်မပါတော့…ဟိုမိန်းမသည်သူ့အား
တမလွန်ကကြည့်ပြီးလှောင်ရယ်နေမှာစိုးသည်

''အောက်ဆင်း…ကုတင်အောက်ဆင်းအိပ်…
ငါမင်းကိုရွံ့တယ်…မင်းရောမင်းအမေလိုငါ့ကို
လှောင်နေဦးမှာမလား…''

jungkookစကားကြောင့်ကော်ပတ်ရုပ်ကလေ
ရဲ့အညိုရောင်မျက်ဝန်းတောက်တောက်တို့သည်အရည်လဲ့ကုန်သညိံ…အင့်ကနဲ…တစ်ချက်
ရိုက်ကာကုတင်အောက်ကြမ်းပြင်ကိုစောင်နဲ့
ခေါင်းအုံးလေးပိုက်ကာဆင်းသွားသည်…ထို့
နောက်ကြမ်းပြင်ပေါ်မှာခွေခွေလေးသူကို
ကျောပေးကာအိပ်နေသည်…တသိမ့်သိမ့်
တုန်နေသောကျောပြင်ငယ်သည်ငိုနေမှန်းသိသာသည်…ဒါပေမဲသူမသနားခဲ့…ကလေးငယ်အားကျောပေးကာမျက်လုံးအစုံကိုမှိတ်ချလိုက်သည်…ခုနတုန်းကနွေးထွေးမူ့အပြည်နဲ
ပြည့်နေသောနေရာလေးသည်အခုတော့ပိုင်ရှင်မဲ့စွာအေးစက်လျှက်…နောက်ဆုံးကျန်ရာမရ
တော့တဲ့အတူဘေးနားကအိပ်ဆေးကိုယူကာအိပ်ပျော်ရန်ကြိုးစားတော့သည်…မခံစားချင်ဘူးကလေးငယ်…မင်းနဲ့ပတ်သက်သမျှကို
ဒါပေမဲ့ကိုယ့်နှလုံးသားကတော့မင်းနဲပတ်သက်သမျှအရာအားလုံးကိုကျေနပ်စွာလက်သင့်ခံ
နေလေရဲ့

My Doll (Complete)Where stories live. Discover now