PART_10

15.7K 1.4K 87
                                    

ဒီလိုနဲ့သူဒီအိမ်ကြီးထဲမှာနေတာတစ်လတောင်ကျော်ခဲ့ပြီ…ဒီအိမ်ကြီး…ဒီအခန်းကြီးထဲမှာသခင်နဲ့နေရတာပျော်ပေမဲ့တစ်ခါတစ်လေတော့သူတစ်ယောက်ထဲထိုင်ကာကြယ်တွေကြည့်
ခဲ့ရသည့်တန်းလျှားလေးကိုလည်းလွမ်းပါသည်
သခင့်အနားမှာနေရသည်ကိုပင်ထီအကြီးကြီး
ပေါက်ပြီးကံကောင်းသူပမာ…သူမာန်တက်ချင်ခဲ့သည်…တစ်ခါတစ်လေ…သခင့်ကိုမေးလိုက်ချင်ပါသည်…သခင်နဲ့ကျွန်တော်ဟာဘယ်လ်ု
ပတ်သက်မူ့မျိုးလဲဆိုတာ…

သခင်သူ့ကိုနမ်းတယ်…ဒါပေမဲ့
တစ်ကယ်ချစ်လို့လားသခင်
ဖြစ်တည်မူ့ကသခင်နဲ့ကျွန်
တစ်ကယ်ဖြစ်သင့်လို့လားသခင်

''Tae…''

သူ့အတွေးတောင်မဆုံးသေး
သူ့ဘေနားကိုရောက်လာတဲ့သခင်

'Tae…ဘာတွေလုပ်နေတာလဲ…''

သူ့ဘေးနားမှာပွစာကျဲနေတဲ့ကတ်ကြေးတွေ
ကော်တွေနောက်ပြီးရောင်စုံစက္ကူ လှလှလေးတွေကိုမေးငေါ့ပြတဲ့သခင်

''ကြယ်လေးတွေ…ခေါက်နေတာပါသခင်…''

''ကြယ်…''

သူ့ဘေးနားမှာစောင့်ကြောင့်လေးထိုင်ရင်း
သူ့စကားကိုသံယောင်လိုက်တဲသခင်ရယ်
ပြီးတော့သဘောကျသလိုပြုံးကာ

'ကြယ်…တွေကိုချစ်လို့လား…Tae…'

''အင်း!…ချစ်တယ်…ငယ်ငယ်ကတည်းက''

''ကိုယ်မနာလိုလိုက်တာ…Tae…အဲ့ကြယ်တွေကကိုယ့်ကလေးအချစ်ကိုရနေတာပဲ…နောက်
ဆိုအဲ့ကြယ်တွေကိုTaeရှိတဲ့အရပ်မှာလာမလင်းဖို့မှာထားရမယ်…Tae ကကိုယ့်ကလေး…ကိုယ့်ပဲချစ်ရမှာ…''

အတ္တဆန်တယ်ဆိုပေမဲ့…အဲ့စကားကိုTae
သဘောကျတယ်သခင်ရယ်

''ကိုယ်ဒီနေ့အလုပ်တွေအများကြီးလုပ်စရာရှိတယ်…ကလေးကိုယ့်အနားမှာနေရင်ပျင်းနေမှာပေါ့…ဒီမှာtaeချစ်တဲ့ကြယ်လေးတွေခေါက်ရင်းနေခဲ့လိုက်…'''

သူကိုကလေးတစ်ယောက်သဖွယ်ခေါင်းလေးကိုခတ်ဆတ်ဆတ်ပုတ်ရင်းဆိုလာတဲ့သခင်

''ချစ်ဖို့ကောင်းတယ်…Taeက…''

သူ့ပါးကိုအနမ်းတစ်ပွင့်ခြွေရင်းထွက်သွားတဲ့
သခင်ရယ်…နားမလည်နိုင်ဘူးသခင်…သခင်
ကကျွန်တော်စိတ်…ကျွန်တော်ခန္ဓာကိုယ်
ကျွန်တော့ရဲ့ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ
ကျွန်တော်အချစ်…ကျွန်တော့်နှလုံးသားကိုပါအပိုင်သိမ်းသွားတာပါသခင်

My Doll (Complete)حيث تعيش القصص. اكتشف الآن