အခန်း (၂)
ညစာစားပွဲရောက်တော့ စေလွန်းရာ တစ်ယောက် စိတ်ထဲ လှုပ်ရှားနေမိသည် ။
သူ ထိုင်ရသည့် ခုံက စီနီယာနှင့် မျက်နှာခြင်းဆိုင်ဖြစ်နေ သောကြောင့်လည်း လူက ပို၍ ရင်ခုန် စိတ်လှုပ်ရှား နေခြင်း ဖြစ်ပေမည် ။" ဟဲ့... နင်က CEO ကို စားသောက်ရင်းနဲ့ မျက်စလှမ်းပစ်လေ... "
ဖဲလ်နီက သူ့ကို အနားကပ်ပြီး ပြောလာသည် ။
" ငါ... ငါက ဘာလို့ လုပ်ရမှာလဲ... ရှက်စရာကြီး... "
" အမလေး... ဘာရှက်စရာရှိလဲ... Omega က Alpha ချောချောလေး မြင်လို့ မြှူဆွယ်တာ ဘာဖြစ်လဲ... အဲ့တာ ဘာမှ ရှက်စရာ မဟုတ်ဘူး ... "
" ဒီတိုင်းပဲ ငြိမ်ငြိမ်လေး နေစမ်းပါ ဖဲလ်နီရယ်... "
" ငါက ဒီည နင့်ကို လင်ရအောင်ကို လုပ်ပေးမှာ... ကြည့်နေ ... "
ဖဲလ်နီက သူ့ကို ခပ်တိုးတိုး ကြိမ်းဝါးပြီး CEO ဘက်ကို လှည့်ကာ ပြုံးပြရင်း စကားဆိုလိုက်သည် ။
" ကျွန်တော်က ဖဲလ်နီပါ... ကျွန်တော့် သူငယ်ချင်း နာမည်က စေလွန်းရာတဲ့... CEO... ပြီးတော့ သူက ပြစ်မျိုးမှဲ့မထင် Omega လေးပေါ့ ... "
ပြစ်မျိုးမှဲ့မထင် Omega လေး ဆိုသည်မှာ virgin Omega တစ်ယောက်ဟု သွယ်ဝိုက်ပြီး ဆိုလိုက်လိုက်ခြင်းဖြစ်သည် ။
စေလွန်းရာ ဖဲလ်နီစကားကြောင့် ရှက်သွားမိပြီး အရှက်သည်းစွာဖြင့် ဖဲလ်နီ လက်ကို ဆွဲဆိတ်လိုက်မိသည် ။
" ဖဲလ်နီ... ပေါက်ကရတွေ ပြောနေတာ ရပ်တော့... "
ဖဲလ်နီက နည်းနည်းလေး မူးနေသည်မို့ အာက အရမ်းသွက်နေသည် ။
သူ ဘယ်လိုတားတား ရပ်မည့်ပုံမပေါ်ချေ ။စီနီယာက သူ့ကို ပြုံးပြီးကြည့်ကာ စကားဆိုလာသည် ။
" ဟုတ်ကဲ့... တွေ့ရတာ ဝမ်းသာပါတယ် ဖဲလ်နီ... ပြီးတော့... စေလွန်းရာ... "
" ဟုတ်... ဟုတ်ကဲ့ပါ CEO... "
" ကျွန်တော့်နာမည်က ရှိန်ထည်ဝါ ဆိုတော့ ကိုရှိန်လို့ ခေါ်လည်း ရပါတယ်... ပေါ့ပေါ့ပါးပါး ပေါ့... "
" အာ... မ...မဟုတ်တာ... CEO က ကျွန်တော့် အထက်လူကြီးလေ... အဲ့လိုခေါ်ဖို့ကျ မသင့်တော်... "