အခန်း (၂၉)
စေလွန်းရာ ၊ ဖဲလ်နီနှင့် ဒေါက်တာ လျှံသုဥ်းသျှံ တို့ သုံးယောက်သား အတူ ဆုံကြ ထိုင်ကြရာ ဆိုင်သို့ ရောက်လာကြပြီး ဆွေးနွေးနေကြခြင်း ဖြစ်လေ၏ ။
ဖဲလ်နီက စေလွန်းရာဆီက စကားကို စိတ်လှုပ်ရှားစွာ နားထောင်နေရင်း မေးခွန်းထုတ်လိုက်သည် ။" အဲ့... အဲ့တာပြီးတော့ ဘာဆက်ဖြစ်သွားတုန်း... "
" ဟုတ်တယ်... ကိုယ်လည်း အရမ်းကို သိချင်နေပြီ... ဆက်ပြောပါဦး... "
လျှံသုဥ်းသျှံ ကလည်း သိချင်စိတ်များ ပြည့်လျှံနေသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေရင်းက စေလွန်းရာ ကို ဖဲလ်နီနှင့်တူတူ သိလိုစိတ်ပြင်းပြစွာ မေးမြန်းလိုက်လေသည် ။
စေလွန်းရာက ထိုနှစ်ယောက်၏ စိတ်အားထက်သန်နေပုံကို ကြည့်ရင်း စိတ်ထဲက ရယ်ချင်လာမိလေသည် ။
ထို့နောက်မှ ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ရင်း အဖြေပြန်ပေးလိုက်ရသည် ။" ဘာဖြစ်ရမှာတုန်း... ငါ သူ့ပေါင်ပေါ်ကနေ ပြန်ထပြီး အခန်းထဲ ပြန်ပြေးသွားလိုက်တာပေါ့ဟ... "
" ဟင်... အဲ့တာပဲလား... "
လျှံသုဥ်းသျှံ က မျှော်လင့်တကြီး ဖြစ်နေပြီးမှ စေလွန်းရာ၏ အဖြေစကားကြောင့် အားမလိုအားမရ ဖြစ်ကာ မျက်နှာမဲ့သွားမိသည် ။
" အဲ့တာပဲလေ ဆရာရဲ့... "
" ဟာကွာ... အဲ့ကောင်က ငါ့ညီ မပီသလိုက်တာ... ငါသာ အဲ့လို အခြေအနေမျိုးမှာဆိုရင် တစ်ခုခု ဖြစ်သွားပြီ... "
လျှံသုဥ်းသျှံ က သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားစွာ ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်သည် ။
" ကိုလျှံက အပိုတွေ လျှောက်ပြောနေတာ... ရည်းစားတောင် ရှိလို့လား... "
ဖဲလ်နီ၏ ဖြတ်မေးလိုက်သော မေးခွန်းကြောင့် လျှံသုဥ်းသျှံ တစ်ယောက် ဘာမှဆက်မပြောနိုင်ရှာဘဲ ဆွံ့အသွားရသည် ။
ဒီကောင်က အချင်းချင်း ကိုလည်း ဖဲ့တာပဲဟ ။" ဆရာပဲ ကျွန်တော့်ကို မှာထားတယ် မဟုတ်လား... ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အဲ့ကိစ္စတွေကို ရှောင်ရမယ်ဆို... မဟုတ်ဘူးလား... "