Chapter 32 (U+Z)

887 70 15
                                    

အခန်း (၃၂)

နောက်တစ်နေ့ကျတော့ စေလွန်းရာ၏ ကိုယ်ဝန် မအီမသာ ဖြစ်မှုကို ရှိန်ထည်ဝါတစ်ယောက် စိတ်မချသောကြောင့် ဒေါက်တာ လျှံသုဥ်းသျှံ နှင့် ပြဖို့ ကုမ္ပဏီက ခွင့်ယူပြီး စေလွန်းရာ တားနေသည့် ကြားက ဆေးရုံကို လိုက်ပို့ပေးတော့သည် ။
သူ့အတွက် အလုပ်ပါ တစ်ရက် ဖျက်လိုက်ရသောကြောင့် စေလွန်းရာမှာ မနေတတ်တော့ဘဲ အားနာစိတ်တို့ ဖြစ်မိနေသည် ။

ရှိန်ထည်ဝါတစ်ယောက်က ပိုကို ပိုလွန်းနေသည် ။
ဆရာဝန်ဆီ သွားသည့် လမ်းတစ်လျှောက်လုံးလည်း စေလွန်းရာ၏ ဗိုက်ကလေးကို အောက်ကနေ ပင့်ပြီး ကိုင်လာပေးသေးသည် ။

" စီနီယာ... ကျွန်တော့် ဗိုက်ကို ဘာလို့ပင့်ကိုင်နေတာလဲဟင်... "

" အော်... ကိုယ်ဝန်နဲ့ဆိုတော့ ကလေးလေးကို သယ်ထားရတာ လေးနေမှာစိုးလို့ ကိုယ်ပါ ကူသယ်ပေးနေတာလေ.... "

စီနီယာ့ အကဲပိုမှုကြောင့် သူ ရယ်လည်း ရယ်မောမိသလို ရင်ထဲ နွေးလည်း နွေးထွေးသွားမိသည် ။
သူတို့ အခန်းထဲ ဝင်လိုက်သည်နှင့် ဒေါက်တာ လျှံသုဥ်းသျှံ ၏ မျက်စောင်းကို အရင်ဆုံး ရင်ဆိုင်လိုက်ရသည် ။
ဆရာဝန် လူပျိုကြီး ပီပီ သူတို့ကို ဦးဆုံး ဆီးဟောက်လိုက်သေးသည် ။

" စောင်အတွဲတွေ... ပိုကို ပိုလွန်းတယ်... "

" ကောကော... ပွစိပွစိတွေ အရမ်း မပြောနဲ့... တဖြည်းဖြည်း နဲ့ အပျိုကြီးပုံ ပေါက်လာတော့မယ်... "

ရှိန်ထည်ဝါက ရယ်မောပြောလိုက်သောကြောင့် လျှံသုဥ်းသျှံ ၏ မျက်နှာက ပိုမို၍ ရှုံ့တွသွားလေသည် ။
မင်းဘိုးအေ ဆိုပြီးလည်း တိုးတိုးဆဲလိုက်မိသေးသည် ။
နောက်မှ သူ့ဘိုးအေက ငါ့ဘိုးအေလည်း ဟုတ်သားဟု တွေးမိကာ ပြန်တိတ်သွားရသည် ။

" ကဲ... ပြောပြော... ဘာတွေ ဖြစ်လို့လဲ... ကိုယ်ဝန် ရက်ချိန်းကဖြင့် မရောက်သေးဘူး... ထပ်လာပြန်ပြီ.... "

ရှိန်ထည်ဝါ က သူ့ကောကောကို စေလွန်းရာ အစားအသောက်ပျက်နေပုံ... ပျို့အန်ချင်ချင် ဖြစ်နေပုံတို့ကို အရေးတကြီး ကိစ္စကြီးသဖွယ် စီကာပတ်ကုံး စိုးရိမ်တကြီး ပြောပြနေသည် ။
စေလွန်းရာ တစ်ယောက် သူ့အခြေအနေ ဒီလောက် ဆိုးနေပါလားဟု ရှိန်ထည်ဝါ ပြောမှပင် သံသစိတ် ဝင်မိရတော့သည် ။

The Little OmegaWhere stories live. Discover now