Chapter 10 (U+Z)

1K 80 17
                                    

အခန်း (၁၀)

အရှေ့တွင် ရှိနေသော စာချုပ်ကို စေလွန်းရာ စူးစိုက်ကာ ကြည့်နေမိသည် ။
ဤစာချုပ်ကို သူ တစ်ချိန်တွင် လက်မှတ်ထိုးဖြစ်လိမ့်မည်ဟု အိပ်မက် ထဲ၌ပင် မမက်ခဲ့ဖူးပါချေ ။

" စေလွန်း... သေသေချာချာ ဆုံးဖြတ်ပြီးသွားပြီ မဟုတ်လား... "

ချီတုံချတုံ ဖြစ်နေပုံရသော သူ့ပုံစံကို ကြည့်ပြီး စီနီယာက သေချာအောင် သူ့ကို ထပ်မေးလာခဲ့သည် ။
သူ ခေါင်းကိုသာ ညိတ်ပြပြီး အဖြေပြန်ပေးလိုက်မိသည် ။

" စေလွန်း သေချာပြီဆိုရင် စာချုပ်ကို သေသေချာချာလေး တစ်ခါထပ် ဖတ်စေချင်တယ်... "

" ရပါတယ် စီနီယာ... ကျွန်တော် အကြိမ်ကြိမ် ဖတ်ပြီးသားပါ... "

အမှန်လည်း သူ ထိုစာချုပ်ပါ အချက်အလက်များကို အကြိမ်ကြိမ် ဖတ်ခဲ့ပြီးသား ဖြစ်ပါသည် ။

ကိုယ်ဝန်ဆောင်ခအဖြစ် စေလွန်းရာအား သိန်းငါးရာအပြင် ကိုယ်ဝန်ဆောင်စဥ် နေထိုင်စားသောက်ရန်အတွက် ရှိန်ထည်ဝါ က ထောက်ပံ့ပေးကာ ကလေးမွေးသည်အထိ တာဝန်ယူပေးမည် ဖြစ်ကြောင်း ။

ကလေးမွေးပြီးနောက်တွင်မူ စေလွန်းရာသည် ကလေးကို ရှိန်ထည်ဝါတို့ စုံတွဲအား အပြီးတိုင် ပေးအပ်ပါမည်ဖြစ်ကြောင်း ။

ကလေးအား အဝေးမှသာ ကြည့်ရှုခွင့် ရမည်ဖြစ်ပြီး ကလေးအား တွေ့ဆုံခွင့် ပြုမည်မဟုတ်ကြောင်း ။

ကလေးနှင့် ပတ်သတ်သမျှကို ပတ်ဝန်းကျင်အား လုံးဝ ထုတ်ဟပြောဆိုခြင်း မရှိဘဲ တစ်သက်တာလုံး လျို့ဝှက်ထားပေးမည် ဖြစ်ကြောင်း ။

စည်းကမ်းချက်များက အငှားကိုယ်ဝန်စာချုပ်တွင် ပါနေကျ စည်းကမ်းချက်များ ဖြစ်သော်လည်း သူ့စိတ်ထဲတွင်မူ အလွန်အမင်း တင်းကျပ်ပိတ်လှောင်ထားသည်ဟု သူ ခံစားမိရသည် ။

သို့သော်လည်း ထိုစည်းကမ်းချက်တွေက သူ့ဖခင်၏ အသက်အန္တရာယ်နှင့် ယှဥ်လိုက်လျှင်တော့ ဘာမှ မဟုတ်တော့ပေ ။
သူ့ဖခင် အသက်ကို ကယ်တင်နိုင်မည်ဆိုလျှင် သူ့ရင်တွေ ကွဲအက်နာကျင်နေရတောင်မှ စေလွန်းရာ ကြိတ်မှိတ်သည်းခံနိုင်ပါပေလိမ့်မည် ။

The Little OmegaWhere stories live. Discover now