Chapter 15 (U+Z)

983 81 25
                                    

အခန်း (၁၅)

" ဖဲလ်နီ ... နင် သူ့ကို အဖြေပြန်ပေးလိုက်ပြီလား... "

ဖဲလ်နီ မျက်နှာက ပြုံးစိစိ ဖြစ်နေသော်လည်း စေလွန်းရာကိုတော့ ခေါင်းခါပြလာသည် ။

" ဟင့်အင်း... ငါ သူ့ကို စောင့်ကြည့်ဖို့ အချိန်တစ်ခု လိုသေးတယ်လေ... "

" ဒါဖြင့်ရင် နင် သူ့ကိုလည်း အပြည့်အဝ မယုံသေးဘူးဆိုတဲ့ သဘောပေါ့... "

ဖဲလ်နီက တွေးတွေးဆဆဖြင့် ခေါင်းညိတ်ပြလာပြီး ပြန်ဖြေသည် ။

" လူတစ်ယောက်ရဲ့ စကားချိုချိုလေးတွေကို ယုံကြည်ပြီး အယုံလွယ်ခဲ့မိလို့ ငါ့ဘဝ တစ်ခါ ပျက်ခဲ့ရပြီးပြီလေ .... "

စေလွန်းရာ ဖဲလ်နီ၏ ဆုံဖြတ်ချက်အပေါ် ဘာမှ ဝင် မစွက်ဖက်တော့ချေ ။
ဒီလို ခံစားချက်မျိုးက ခံစားဖူးသူမှသာ ဘယ်လောက်နာကျင်စရာကောင်းမှန်း သိနိုင်လေမည်မဟုတ်လား ။

" နင် ဘယ်လိုပဲ ဆုံးဖြတ်ချက်ချချ ငါကတော့ အမြဲ နင့်ဘက်မှာ အားပေးနေမယ်... အေး... ငါ့သူငယ်ချင်းလေးကို စိတ်ညစ်အောင် စိတ်ဆင်းရဲအောင် ဒင်း လုပ်လာရဲတယ်ဆိုရင်တော့ ဒင်းနဲ့ ငါ ကိုယ်တိုင် တွေ့မယ်သာမှတ်... "

စေလွန်းရာစကားကြောင့် ဖဲလ်နီက ပြုံးပြီး သူငယ်ချင်း နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက် နွေးထွေးစွာ ဆုပ်ကိုင်လိုက်ကြမိလေတော့သည် ။

**************

နောက်ထပ် နှစ်ပတ် အကြာတွင် ဦးစေညွှန်းရာတစ်ယောက် ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီ ဖြစ်သည် ။
စုစုပေါင်း ဆေးရုံတက်ရချိန်က တစ်လခွဲကျော် ကြာခဲ့ပြီးသည့်နောက်တွင် ဦးစေညွှန်းရာ တစ်ယောက် ဆေရုံတွင် နေရသည့် ဘဝကို လုံးဝ ငြီးငွေ့ပြီး မုန်းတီးနေခဲ့ပြီဖြစ်သည် ။

" အမလေး... သဘာဝရဲ့ လေကို ရှူရှိုက်ရတာ ကောင်းလိုက်တာ သား လွန်း ရယ်... "

ဖေဖေက အပြန်လမ်းတွင် တက်စီပေါ်ထိုင်လိုက်လာရင်း ပတ်ဝန်းကျင်ကို အငမ်းမရ ကြည့်ကာ ဝမ်းသာအားရပြောလာခဲ့သည် ။

" ဖေဖေလည်း ကုတင်ပေါ်ချည်းပဲ နှစ်လနီးပါး နေခဲ့ရတော့ တော်တော်လေး ပျင်းနေပြီပေါ့... "

The Little OmegaWhere stories live. Discover now