Chapter 23 (U+Z)

997 84 17
                                    


အခန်း (၂၃)

ဖဲလ်နီ ခရီးထွက်နေစဥ်ကော ခရီးထွက်ရာက ပြန်ရောက်ချိန်ပါ နှစ်ရက်စလုံး ကောင်လေးဆီမှ ဖုန်းမဆက်လာသည်ကို ယခုမှပင် သတိပြုမိသည် ။
အစကတော့ ထိုကောင်လေး၏ နားပူနားဆာလုပ်သော ဖုန်းများ ဝင်မလာသောကြောင့် စိတ်ချမ်းသာသလို ဖြစ်မိသော်လည်း ပုံမှန်ဆက်နေကျသူက မဆက်လာသောအခါ ဖဲလ်နီ စိတ်ထဲတွင် မတင်မကျဖြင့် ထိုကောင်လေး၏ ဖုန်းကို မျှော်နေမိပြန်လေတော့သည် ။

နောက်ဆုံးတော့ ကောင်းခေတ္တရာ ဘက်က မဆက်လာပါက သူ့ဘက်ကပင် ဆက်လိုက်တော့မည်ဟု ဖဲလ်နီ တွေးလိုက်မိပြီး ထိုကောင်လေး၏ နံပါတ်ကို ဆက်လိုက်မိသည် ။
တစ်ဖက်က နှစ်ကြိမ်မြောက် ခေါ်ပြီးသည့်တိုင် ဖုန်းကိုင်လာသူ မရှိပေ ။
သုံးကြိမ်မြောက် ခေါ်သော အခါတွင်မှ တစ်ဖက်က မိန်းမတစ်ယောက်က ဖုန်းကိုပြန်၍ ဖြေဆိုလာလေသည် ။

" ဟယ်လို... ပြောပါ... "

တစ်ဖက်က မိန်းကလေး၏ အသံက တင်တင်စီးစီး အထက်စီးက ပြောနေသော အသံမျိုး ဖြစ်လေသည် ။

" ဒါ ကောင်းခေတ္တရာ ရဲ့ ဖုန်း မဟုတ်ဘူးလား... "

သူကလည်း အသံခပ်မာမာ ပြန်ပြု၍ ပြန်မေးပစ်လိုက်သည် ။

" ဟုတ်တယ်လေ... "

" ဟုတ်ရင် သူ့ကို ဖုန်းပေးလိုက်... ငါ သူနဲ့ ဖုန်းပြောချင်တယ်... "

တစ်ဖက်က လုပ်ရယ် ရယ်သော အသံ ထွက်လာလေသည် ။
အသံကိုက မိန်းမရွှင်အသံနဲ့ ။
ဘယ်လိုဟာမမျိုးကများ ဖုန်းကို လာကိုင်နေသလဲ မသိဘူး ။

" ဟင်းဟင်း ... သူ အခုလောလောဆယ်တော့ အလုပ်နည်းနည်းများနေလို့ ဖုန်းပြန်ပြောနိုင်မှာ မဟုတ်သေးဘူ... အဟင်းဟင်း... "

တစ်ချိန်လုံး ရယ်နေတာ ဧကန္တ ဒီကောင်မ ကလိထိုးခံနေရတာများလားဟု ဖဲလ်နီ စိတ်ထဲက မြင်ပြင်းကတ်စွာ မေးခွန်းထုတ်မိလိုက်သည် ။
အေးအေး... ကောင်းခေတ္တရာ... နင် နေနှင့်ဦးပေါ့... ။
နင့်သောက်ချိုးကို နင်မှတ်ထားဦး ။
ငါနဲ့ တွေ့ဦးမယ် ။ ဟု ဖဲလ်နီ စိတ်ထဲက ကြိမ်းဝါးလိုက်သည် ။

" ဒါဖြင့်ရင် သူ အားသွားရင် ငါ့ဆီ ဖုန်းပြန်ဆက်ခိုင်းလိုက်ဦး... အေး ​... ပြီးတော့ ပြောထားရဦးမယ်... အရမ်းကြီး ဣန္ဒြေမရ ပျော်မနေနဲ့ဦး... အကယ်၍ နင် စားရရင်တောင်မှ အဲ့တာ ငါ့အကျန် အရိုးအရင်းလေးကိုက်ရတယ်ဆိုတာ သိထားလိုက်... ဒါပဲ... "

The Little OmegaWhere stories live. Discover now