Chapter 22 (U+Z)

1K 86 21
                                    

အခန်း (၂၂)

ရှိန်ထည်ဝါ သူ့ကောကောက သူ့ကို တွေ့ချင်သည်ဟု ဆိုလာသောကြောင့် တွေ့ဖို့ ချိန်းလိုက်ကြသည် ။
ငါ မင်းအိမ်ပဲ လာခဲ့မယ် ဟု ကောကောက ပြောခဲ့သောကြောင့် သူ အိမ်၌ပင် စောင့်နေခဲ့မိသည် ။
ခဏအကြာတွင် ကောကောက သူ့အိမ်ကို ရောက်လာခဲ့သည် ။

" ကောကော ဆေးရုံကိုတောင် မနေ့က သူငယ်ချင်းရဲ့ မိန်းမ ကလေးမွေးလို့ လာကြည့်ရင်း ရောက်လာခဲ့သေးတယ်... ကောကော ခရီးသွားနေလို့ ခွင့်ယူထားတယ်လို့တောင် သူနာပြုတွေဆီကနေ သတင်းပြန်ကြားခဲ့သေးတယ်.... "

" ဟုတ်တယ် ငရှိန်... ငါ ဒီနေ့ လာတာလည်း မင်းကို အဲ့တာနဲ့ ပတ်သတ်ပြီး ပြောချင်တာ ရှိလို့ လာခဲ့တာပဲကွ ... "

လျှံသုဉ်းသျှံ က ပြောလိုက်တော့ ရှိန်ထည်ဝါ က သူ့အစ်ကို တအံ့တသြ ကြည့်ကာ မေးလာသည် ။

" ဘာကိစ္စ မို့လို့လဲ ကောကော... ကောကောလို ခရီးထွက်တာ ရှားတဲ့သူက ခရီးတွေဘာတွေ ထွက်တယ်ဆိုတော့ကာ... ဧကန္တ... ဧကန္တ... ကောကော ရည်းစားတွေ ဘာတွေများ ကျွန်တော် မသိအောင် ထားနေတာများလား... "

ရှိန်ထည်ဝါ က သူ့အတွေးနှင့်သူ အပိုင်တွက်ပြီး သူ့ကောကောကို အစ်အောက်မေးနေလိုက်သေးသည်... ။
ဒီလူပျိုကြီး အသက်က အိမ်ထောင်ပြုသင့်တဲ့အရွယ်ပဲ ကျော်နေပြီလေ ။
သူ့အတွက် ဖူးစာရှင်က Alpha တစ်ယောက်ဖြစ်မလား ... Omega တစ်ယောက် ဖြစ်မလားလို့ တွေးမိရတာနဲ့တင် တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းနေပြီမဟုတ်လား ။

" ပေါက်ကရတွေ ပြောချင်ရာ ပြောမနေနဲ့ ငရှိန်ရ... ငါ မင်းဆီလာတာ ဒီစာချုပ်ကို လူတစ်ယောက်ကိုယ်စား လာပေးပေးတာ... "

အဲ့လူက အရမ်းကို အနစ်နာခံနိုင်ပြီး အရမ်းလည်း အချစ်ကြီးတဲ့ လူမျိုးပေါ့ ဟု လျှံသုဉ်းသျှံ စိတ်ထဲက ပြောလိုက်မိသေးသည် ။
အပြန်လမ်းခရီးတွင် ရထားပေါ်၌ ဖဲလ်နီက သူ့ကို ပြောပြခဲ့သော စကားများကို လျှံသုဉ်းသျှံ ပြန်လည်သတိရလာမိသည် ။

" ကိုလျှံ... လွန်းက ဒီကလေးကို ဘာကြောင့် အရမ်းမွေးချင်နေသလဲဆိုတာ ကိုလျှံ သိရဲ့လား... "

The Little OmegaWhere stories live. Discover now