- 38 -

2.9K 575 57
                                    

Unicode

တစ်မနက်လုံး ရုံးခန်းထဲတွင် ဆွေးနွေးနေကြသော
ဥက္ကဋ္ဌကြီး၏ရည်းစားဘယ်သူလဲ ဟူသည့် Topic နှင့် သက်ဆိုင်သည့်စကားသံများကို ကြားနေရသည်က Baekhyunအားအရှင်လတ်လတ်နှင့် ကိုင်ပေါက်နေကြသလို စိတ်မောလူမော ဖြစ်စေပါ၏ ။

ကိုယ့်အကြောင်း ပေါ်တင်ကြီးချနေကြတာကို မသိချင်ယောင်ဆောင်၍ အတင်းဟန်လုပ်ထားရတာက
လုံးဝကို အဆင်မပြေလှပါ ။ အလုပ်များပုံနေသော နေ့တွေထက်ပင်ပိုပင်ပန်း နွမ်းနယ်သလိုခံစားနေရပြီး
စားပွဲပေါ်ကိုသာ ခဏ ခဏ ခေါင်းမှောက်ချနေမိလေသည် ။

ဥက္ကဋ္ဌကြီးနဲ့သူ ဒီလိုကြိတ်ပုန်းတွဲခုတ်နေလို့ အဆင်မှပြေပါ့မလားမသိ ?

ပွင့်ပွင့်လင်းလင်းချပြလိုက်ရင်ကောင်းမလား ?

ဒါပေမယ့် ကြုံတွေ့လာရမယ့် ဝေဖန်မှုတွေက အကောင်းနဲ့အဆိုးရောနှောနေမှာကို တွေးရင်း Baekhyun သက်ပြင်းချကာ ခုံပေါ်ထက် ဒုန်းခနဲ နဖူးအပ်မိပြန်ပါ၏ ။

စိတ်ပျက်လိုက်တာ  စိတ်ပျက်လိုက်တာ ။

ရည်းစားလေး တစ်ခါထားမိပါတယ်
အမေ့ပိုက်ဆံအိတ်ထဲက ဝမ်တစ်သောင်းနှိုက်ရတာထက်တောင် နောက်ကျောမလုံတဲ့ ခံစားချက်ကြီးကဘာလဲလို့ !!!

' ဒီတိုင်း အမေ့ပိုက်ဆံယူပြီး လမ်းခွဲပစ်လိုက်ရမလား ´

ကိုယ့်ကိုယ်ကို စနောက်သလို တစ်ချက်ရေရွတ်ပစ်လိုက်မိပြီးမှ သူလမ်းခွဲစကားပြောတဲ့အခါ ဖြစ်ပျက်နေမယ့် ဥက္ကဋ္ဌကြီးရဲ့ဆောက်တည်ရာမရ အမူအရာကြီးကို  မြင်ယောင်မိတော့လည်း တခွိခွိရယ်မိပြန်ပါသည် ။

ဘယ်လိုလမ်းခွဲရက်နိုင်မှာလဲ ။
ဒီလောက် ချစ်စရာကြီးကို !
သူများတွေများ လိုချင်လို့တောင် ရမှာမဟုတ်ဘူး !

ဥက္ကဋ္ဌကြီးအကြောင်းတွေး မိတာနဲ့ စိတ်ညစ်နေသည်များ အနည်းငယ်လျော့ပါးသွားသလိုခံစားသွားရတာမို့ Baekhyun ကိုယ်ကိုဖြေလျှော့ရင်း ဖုန်းမှ နာရီကို ယူကြည့်မိလိုက်၏ ။

နေ့လည်စာစားချိန်လည်း ဝေးသေးတယ်ဆိုတော့
အားရှိအောင် မျက်နှာလေးပဲဖြစ်ဖြစ်သွားကြည့်ဦးမှပါပဲ ။

May Lily ( Completed )Where stories live. Discover now