- 24 -

2.7K 452 10
                                    


Unicode

' ဟို ... အာ ...
ဒီ .. ဒီမှာ Spam ဘူးတွေရိှတာပဲ ´

သူခါးမှသိမ်း၍ ဖက်ထားသည်ကို
အနေခက်ဟန်နှင့် စကားအထစ်ထစ် အငေါ့ငေါ့ပြော
ရေခဲသေတ္တာထဲက ဟိုဟာဆွဲထုတ် ဒီဟာဆွဲထုတ်
လုပ်နေသော ကောင်ကလေးကိုတွေ့ရတော့
Chanyeol ခပ်လွင်လွင်လေး ရယ်ကာ
လက်တွေကို ဖြေလျှော့ပေးလိုက်ရသည် ။

အော် ... သူလည်း ဖွင့်ပဲပြောရသေးတဲ့ အဆင့်မှာ
အသားယူတာတွေ နည်းနည်းများသွားပြီလား သိပါဘူး ။

ဆင်ခြင်ရမယ်လို့ စိတ်ထဲမှာ မှတ်ယူမိပေမယ့်
အကောင်အထည် ဖော်ဖြစ်မယ်မထင် ။
Baekhyun အနားကိုရောက်တိုင်း
ပွေ့ချင်  ဖက်ချင်နေတဲ့ စိတ်တွေက
အမြဲတမ်းထကြွလာမြဲပင် ဖြစ်၏ ။

ဘယ်တတ်နိုင်မလဲ ၊
ဒီကောင်လေးက တအားချစ်ဖို့ကောင်းနေတာကိုး ။
အကုန်သူ့အပြစ်  သူ့အပြစ် ။

' ဒါ  ဒါဆို Spam ပဲကြော်လိုက်မယ်နော် ´

မျက်နှာပူနေဟန် ရသောကောင်လေးသည်
ခုထိ သူ့ကို မျက်လုံးချင်းမဆိုင်ပဲ ဟိုယောင်ယောင်
သည်ယောင်ယောင်နှင့်  Spam တုံးလေးကို
အချပ်ပြားလေးတွေ လှီးရန် လုံးပန်းနေ၏ ။

တစ်ဖက် ထမင်းစားပွဲခုံတွင် ဝင်ထိုင်လိုက်သော
Chanyeol သည် ပါးတစ်ဖက်ပေါ် လက်အပ်ရင်း
စားပွဲပေါ်တံတောင်ထောက်လျှက်
Baekhyun ၏ လှုပ်ရှားမှုတိုင်းကို
တစ်ခုမှ မလစ်ဟင်းစေရ ၊ အကုန်ထိုင်၍
မှတ်တမ်းတင်နေလိုက်သည် ။

နေမကောင်းဖြစ်နေတော့လည်း နည်းနည်းပါးပါး
လှုပ်ရှားလိုက်သည့်နှင့် လူက သိသိသာသာ
နွမ်းနယ်သွားတာမို့  ခုချိန် သူ Baekhyun ကို
သွားကလိပြီး တီတီတာတာ လုပ်ချင်ရင်တောင်
စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပါ ။

တကုတ်ကုတ်နှင့် အလုပ်ရှုပ်နေသည့်
Baekhyun ကတော့ စိုက်ကြည့်ခံနေရ၍
မလုံခြုံသလို ဖြစ်နေသော ကျောပြင်ကို
အတတ်နိုင်ဆုံး အာရုံလွှဲရင်း
လှီးထားသော Spam ပြားလေးတွေကို
Microwave ထဲထည့်ကာ
အပူရော Time ရော ညှိလိုက်သည် ။

Microwave ထဲကို Chanyeol
ဦးစွာထည့်ထားသော နွားနို့ဘူးလေးကတော့
နွေးနေပြီဖြစ်ရာ Baekhyun အသာလေး
ထုတ်ဖယ်ထားလိုက်၏ ။

May Lily ( Completed )Where stories live. Discover now