- 10 -

2.9K 551 13
                                    

Unicode

ဘတ်ဟျွန်း ဒီနေ့ အလုပ်ပြန်ဆင်းသည် ...

ခေါင်းသုံးချက် ချုပ်လိုက်ရသော ဒဏ်ရာက အပြင်းအထန်ကြီး မဟုတ်ပေမယ့် ဥက္ကဌကြီးကတော့  သူ့ကို ၂ ပတ်ပင် နားရက်ပေး
လိုက်သေး၏ ...

အရင်ကတော့ အလုပ်မရိှအကိုင်မရိှ ဖြစ်၍ နေ့တိုင်း အားအား
ယားယား နေခဲ့သော်လည်း အလုပ်ရိှလာသော အခါ၌မူ အလုပ်
မသွားရတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ပျင်းခြောက်ခြောက်ကြီးနှင့် .....

ဘယ်လိုပဲပြောပြော  သူ ဒီအလုပ်ခွင်နှင့် အံဝင်ခွင်ကျ ဖြစ်လာသည်
က အမှန်ပင် ဖြစ်သည် ....

' Baekhyunee ....
  အလုပ်တောင်  ဆင်းပြီလား ..
ခေါင်းရော ? သက်သာသွားပြီလား ´

ဌာနသို့ ဝင်ဝင် ချင်းမှာပင် စီနီယာ အစ်မ တွေက တစ်ယောက်
တစ်ပေါက်နှင့်  သတင်းမေးလိုက်ကြသည်မှာ မနည်းပင် ပွဲဆူ
သွား၏ ....

သူကတော့ ပြုံးရယ် ရင်း နှင့်ပင် ဒဏ်ရာက သိပ် အများကြီး
မဟုတ်ကြောင်း သက်သာသွားပြီ ဖြစ်ကြောင်း ပြောပြရသည်...

' Baekhyunee သိပြီးပြီလား ?
ဘိုးတော်ကလေ ... လုံခြုံရေး ခေါင်းဆောင်ကို အလုပ်ဖြုတ်ပစ်
လိုက်တာ ´

' ဗျာ ´

ဘတ်ဟျွန်း  မျက်လုံး လေးဝိုင်းစက်သွားရသည် ....
မဟုတ်ဘူးလေ  ဒီလောက်ထိ လုပ်စရာလိုလို့လား ....
သူလည်း ခေါင်းပေါက်ရုံက လွဲလို့ ဘာမှ ကြီးကြီးမားမားဖြစ်သွား
တာမှ မဟုတ်တာကိုလေ ......

စီနီယာအစ်မက  Coffee ဘူးလေးကိုင်ရင်း ခေါင်းလေး
ခပ်ဆဆငြိမ့်ကာ ​ဆက်ပြောလာလေသည် ...

' အင်းလေ ... ဘိုးတော် ​က တအား စည်းကမ်းကြီးတာကို
အခွင့်အရေးဆိုတာ ရိှပါ့မလား ! တစ်ခါမှားတာနဲ့ Out ပေါ့
ဒါပေမယ့်  တစ်ခုခု ကို မခံစားရဘူးလား ´

စီနီယာ အစ်မ၏ စကားအဆုံးမှာ အခြား အစ်မတွေကလည်း
ဘာလဲ ဟူသော မျက်နှာထားမျိုးများနှင့် ခေါင်းများ ဝိုင်းအုံလာ၏

' ကိုယ့် ဝန်ထမ်း တွေကို အပြည့်အဝ ကာကွယ်ချင်တဲ့စိတ် ....
ဘယ်လိုပြောရမလဲ စဥ်းစားကြည့်ယုံနဲ့တင် အလိုလို လုံခြုံသွားတဲ့
ခံစားချက်မျိုးလေ  .... ´

May Lily ( Completed )Where stories live. Discover now