- 31 -

3.3K 571 58
                                    

Unicode

အလွန်ရာသီ ဥတုသာယာလွန်းလှသော မနက်ခင်း
တစ်ခုတွင်ဖြစ်၏ ။  နေရောင်နုနုသည် တိုက်ခန်းမှန်ပြတင်းကို
ဖြတ်ကျော်၍ အခန်းထဲသို့  ဖြာကျလျှက်ရိှသည် ။
မနက် 7 နာရီခန့်ဟု ထင်မှတ်ရသော ဤအချိန်တွင်
တစ်စုံတစ်ယောက်ကတော့  စောင်ထုပ်ထဲ အစရှာမရအောင်
နစ်နေဆဲဖြစ်၏ ။  ထို့နောက် ချက်ချင်းဆိုသလို
ဘေးဘက်နားတွင်  တင်ထားသော ဖုန်းက Alarm ထမြည်လာလေသည် ။

ဖွေးဥနေသော လက်တစ်ဖက်သည် စောင်ထုပ်ဖြူဖြူကြီးထဲက
ထွက်ပေါ်လာကာ  စမ်းတဝါးဝါးနှင့် ဖုန်းရိှရာသို့ လှမ်းနေ၏ ။
ဖုန်းကို ရှာတွေ့သွားသောအခါတွင်ကား  စောင်ထုပ်ထဲမှ
ခေါင်းလုံးလုံးလေးနှင့်အတူ  မျက်စိအထိ စောင်အပြင်ဘက်သို့
ထွက်လာကာ  ဖုန်း screen ကိုကြည့်ရင်း Alarm ကို
ပိတ်ချလိုက်ရသည် ။

သို့သော်ခါတိုင်းလို Alarm ပိတ်၍  ပြန်အိပ်ခြင်းမျိုးတော့မဟုတ်။
ချက်ချင်းစောင်သည် ဗြုန်းစားကြီး ကွာချကာလာ
ထိုအောက်တွင် ပြုံးရယ်နေသော မျက်နှာတစ်ခုကလည်း
လန်းလန်းဆန်းဆန်းကိုထွက်ပေါ်လာသည် ။

' မိုးလင်းပြီပဲ  ဟဲ ဟဲ ´

Baekhyun သည် ချက်ချင်းပင် တက်ကြွစွာ
အိပ်ယာမှ ထလိုက်ရင်း ခြေများလက်များကို အနည်းငယ်
အကြောလျှော့ကာ  လေကျင့်ခန်း တစ်ကွက် နှစ်ကွက်
လုပ်ပစ်လိုက်သေး၏ ။
ထို့နောက်တွင်မူ သီချင်းလေးတညည်းညည်းနှင့်
ရေချိုးခန်းထဲ သို့ မြောက်ကြွ မြောက်ကြွ ဝင်သွားတော့သည် ။

' ဥက္ကဌကြီးက ငါ့ကို သဘောကျနေပါတယ်ကွယ် ´

ပါးစပ်မှ သီချင်းလိုလိုသံစဥ်နှင့်ခပ်တိုးတိုးညည်းနေရင်းမှပင်
သွားတိုက်တံပေါ်  သွားတိုက်ဆေးများ ညှစ်ချလိုက်၏ ။
ထို့နောက်တွင်မူ  အနည်းငယ်ဖွားစုတ်စုတ်ဖြစ်နေသော
မျက်နှာကို မှန်ထဲ ဟိုဘက် ဒီဘက်လှည့်ကြည့်ရင်း
သွားတိုက်ခြင်း အမှုကို စတော့သည် ။

ခါတိုင်းထက် သွားတိုက်ဆေးကို ပိုထည့်၍ ခပ်ပြင်းပြင်း
ပိုကြာကြာ အထပ်ထပ်အခါခါက်ို တိုက်ပစ်လိုက်၏ ။
ခံတွင်းလေးက သန့်ရှင်းပြီး မွှေးအေးနေမှဖြစ်မှာ ။
ပြုံးစိစိဖြစ်နေသော နှုတ်ခမ်းများက သွားတိုက်နေရင်းနှင့်ပင်
တဟီးဟီးရယ်ချင်နေသေးသည် ။

May Lily ( Completed )Where stories live. Discover now