- 25 -

2.7K 479 25
                                    

Unicode

နောက်နေ့မနက်ခင်းတွင် ဥက္ကဌကြီး မနိုးခင်ပဲ
Baekhyun အမြန်လစ်ထွက်ခဲ့ရ၏ ။

ကံကောင်းထောက်မစွာ ရုံးပိတ်ရက်ဖြစ်နေသည့်အတွက်
အိမ်ကို တန်းပြန်ပြီး ရေမိုးချိုးတစ်ကိုယ်ရေသန့်ရှင်းရေး
လုပ်ပြီးသည်နှင့်  တစ်ခေါက်ပြန်အိပ်ရန် ပြင်တုန်းရိှသေး
အိမ်ကို  လူကြမ်းမ ဝင်စီးလာသည်နှင့်ကြုံရလေသည် ။

Bell ကို အဆက်မပြတ်တီးပြီး
တံခါးကို တဒုန်းဒုန်းထုနေသောကြောင့်
Baekhyun အလွန်တရာမှ စိတ်ပျက် ပျင်းရိစွာနှင့်
ကုတင်ထက်မှ စောင်တွေကို ကန်ချရင်း
ဆောင့်ဆောင့်အောင့်အောင့်ထလာခဲ့ရ၏ ။

ကုတင်ပေါ် လှဲတုန်းရိှသေး  ပြန်ထရတာလောက်
စိတ်ပျက် ဝမ်းနည်းဖို့ကောင်းတဲ့အရာ ကမ္ဘာမှာမရိှ ။
ထို့ကြောင့် တစ်ခါတစ်ရံ သေးပေါက်ချင်ရင်တောင်
Baekhyun ထ မပေါက်ဖြစ်ပေ ။
မဖြစ်မနေ  မပေါက်ရမနေနိုင်တော့သည့်
အခြေအနေရောက်မှသာ ထပေါက်သည် ။

လူက မကြည်မလင်ဖြစ်နေသော အချိန်တွင်
တံခါးကို ဆွဲဖွင့်ကာ မျက်မှောင်ကြုံ့၍ ကြည့်လိုက်တော့
ထုံးစံအတိုင်း  တံခါးရှေ့တွင်  ပါးစပ်ကြီးဖြဲဟကာ
သန်းဝေ နေသော အစ်မဖြစ်သူ ဆောလ်ဟျွန်းကို
တွေ့လိုက်ရ၏ ။

' ဘာလာလုပ်ပြန်ပြီလဲ စောစောစီးစီး ´

စုတ်ဖွားဖွားဆံပင်တွေကို
ဖြစ်သလို ထုံးထား၍ ဖွာလန်ကြဲနေသော ခေါင်းနှင့်
အစ်မဖြစ်သူသည် သူ့အမေးကိုပင် မဖြေနိုင် ၊
အိပ်မှုံစုံဝါး  မျက်နှာဖြင့် သူ့ကိုတွန်းတိုက်သွား၍
ဧည့်ခန်းထဲက ဆိုဖာပေါ် အားနှင့်မှောက်ချလျှက်
လှဲနေလေသည် ။

လက်ထဲက ကိုင်လာသော ပလတ်စတစ်ဘူးကြီးကိုမူ
စားပွဲပေါ်တင်ထားခဲ့၏ ။

Baekhyunee သည် စိတ်ညစ်ညစ်နှင့်
ခါးထောက်လျှက်  ရေရွတ်ပစ်လိုက်မိသည် ။

' အားးရှ် ... ဒီ ဂင်မ်ချီ တွေ ထပ်ထည့်ပေးလိုက်ပြန်ပြီလားး
အမေက  ငါ့ကို ဂင်မ်ချီချည်းပဲ တစ်နေ့ 3 ပန်းကန်စားပြီး
နေတယ်လို့များထင်နေလား   ဟမ် ?
ဟိုတစ်ခေါက်က ထည့်ပေးလိုက်တာတွေတောင်
ဘူးနဲ့ အပြည့်ရိှသေးတယ် ´

May Lily ( Completed )Where stories live. Discover now