ညဘက် 8 နာရီသို့ နာရီလက်တံများက တဖြည်းဖြည်းရွေ့လျား
သော အချိန်တွင် ဟန်ရှင်းဆယ် ဒရာမာကြည့်ရန် ဆိုဖာ ထက်သို့
ရောက်နေပြီ ......သူမ၏ အိမ်နေရင်း Style က JJ ဘောင်းဘီတစ်ထည်နှင့်
တီရှပ် ခပ်ပွပွတစ်ထည်ပင် .. ထို့ပြင် ခေါင်းစည်းကြိုးတစ်ခုနှင့်
ဖြစ်သလို စုစည်းထားသော ဆံပင်တို့က ဖွာလန်ကြဲလို့နေသည်လက်ထဲတွင် အာလူးကြော်တစ်ထုပ်က နေရာယူထားသေး၏ ....
' ဟား .... မင်းသားက သန့်ပြန့်နေတာပဲ ´
သူမ ပါးစပ်ထဲကို အာလူးကြော်တစ်ခုထည့်ရင်း မျက်လုံးများကို
မှေးကာ ခပ်ဖွဖွရေရွတ်လိုက်သည် .....မင်းသမီးဝတ်ထားတဲ့ ကိုယ်ကျပ်ဂါဝန်လေးကိုလည်း အတော်ပင်
သဘောကျမိနေ၏ ....
ဒီတစ်ပတ်ပိတ်ရက် ရှော့ပင် ထွက်ရင် အဲ့လို ကိုယ်ကျပ်လေး
တစ်ထည်လောက် ဝယ်ရင်ကောင်းမလား ....ဖြတ်ခနဲ စဥ်းစားမိပြီးမှ အနည်းငယ် ဆူထွက်ချင်နေသော
တီရှပ်အောက်မှ ဗိုက်ကို ငုံ့ကြည့်လိုက်မိသည် ....
ထို့နောက်တွင်မူ လက်ထဲက အာလူးကြော်ချပ်လေးကို တစ်ပြန်
ကြည့်မိ၏ ......' ဘာပဲဖြစ်ဖြစ် ကလေးတို့ကိုတော့ မမက မစွန့်ပစ်နိုင်ဘူး ´
ထို့နောက် အားမာန် အပြည့်နှင့် အာလူးကြော်ကို တဂျွတ်ဂျွတ်
ဝါးစားပစ်လိုက်သည် ......ဆိုဖာပေါ် ခေါင်းမှီချလိုက်ပြီး ဘာမျှမရိှသော မျက်နှာကျက်ကို
အာလူးကြော်ဝါးရင်း ငေးကြည့်နေမိခိုက် သူမရဲ့အတွေးတွေက
ပြန့်ကြဲလို့နေသည် . ...' ငါလည်း ဘယ်ချိန်အထိ ဒီတိုင်းနေရဦးမှာလဲ ´
သူမ၏ အသံသည် အားအင်မရိှပဲ အတော်ပင် တိုးလွန်းနေ၏ ...
' တစ်သက်လုံး ဒီလိုပဲ တစ်ယောက်တည်း အထီးကျန်ရင်း
ရည်းစားလည်း တစ်ခါမှမထားဖူးပဲ ... လက်လည်းမထပ်လိုက်ရပဲ
ဒီတိုင်းသေတော့မှာလား ..... အား ..... လောက ကြီးထဲက
ယောကျ်ားတွေအကုန် ဘာဖြစ်နေကြတာလဲ .....
ဒီလောက် လှပပြီး ဟမ် ပိုက်ဆံလည်းရိှတယ် ပြီးတော့ အလုပ်
လည်းရိှတယ် ငါက သင့်တော်တဲ့မိန်းကလေးပဲလေ .....
ဘာလို့တစ်ယောက်မှ လာမကြိုက်ကြတာလဲ .... ဘာလို့လဲ ´