- 17 -

2.5K 495 15
                                    


Unicode

ချန်းယောလ် အလုပ်က ပြန်ရောက်ပြီး ... ရေမိုးချိုးပြီးသည့်အချိန်ထိ ထိုင်မရ ထမရ ဖြစ်လျှက်
အခန်းထဲ ခေါက်တုန့် ခေါက်ပြန်လျှောက်နေမိသည် ....

ဒီနေ့ သူ့ကလေးလေးကို ချော့လည်း မချော့လိုက်ရဘူး ....
အပြီးသတ်ရမယ့် စာရင်းတွေက ပုံနေခဲ့တာမို့ ဒီနေ့ တစ်နေ့လုံး
အခန်းထဲကတောင် အပြင်ကို တစ်လှမ်းမထွက်ရပေ ...

နေ့လည်စာ အတူစားရင်း ချော့မည်ဟု ပြင်ထားသော်လည်း
သူ့ရုံးခန်းထဲက စီနီယာတွေနဲ့ အတူ ထွက်သွားတာမို့ သူ့မှာ
အကောင်အထည်မဖော်လိုက်ရ .....
ညနေကျတော့လည်း 6 နာရီ ထိုးသည်နှင့် ရုံးဆင်းသွားသည်မှာ သူတောင် မသိလိုက် .....

တိုက်ဆိုင်မှု မဖြစ်နိုင်သော အချက်များကို စုတွေးကြည့်လျှင်
ထို ပိစိလေး သူ့ကို စိတ်ကောက် သွားသည်က 99.99 % ပင်ဖြစ်သည် .. .

စိတ်ကောက်သွားသည် ဆိုရင်တောင် တော်သေး .....
စိတ်မကောင်းဖြစ်သွားတာတို့ ... 
သူ့ကို  ကြောက်ရွံ့သွားတာတို့ ဆိုရင်တော့ သူတကယ် ဟက်တက်ကွဲရပါလိမ့်မည် .....

အဲ့ဒါမို့  ခုပဲ ဖုန်းဆက်ပြီး ပြန်တောင်းပန်လိုက်ရမလား လို့စဥ်းစားမိပေမယ့် ဘယ်က ဘယ်လို ပြောရမှန်းမသိ ....
အနည်းဆုံးတော့ သူစိတ်ဆိုးနေသည် မဟုတ်မှန်း ထိုကလေးကို
သိစေချင်သည် ...

ဘာလုပ်ရမှန်း မသိတော့တာမို့ ... ကုတင်ပေါ်သာ လှဲချလိုက်ရင်း
Baekhyunee_Byun ဟူသော insta acc လေးထဲကိုသာ
ဝင်ကြည့်နေလိုက်သည် ......

အထပ်ထပ် အခါခါ ဝင်ကြည့်ထားသော Acc လေးဖြစ်သဖြင့်
တင်ထားသော ပုံတွေ တောင် အလွတ်ရလုနီးဖြစ်နေပြီ ...
ထိုအထဲက မှ တင်ထားတာ သိပ်မကြာသေးသော ကမ်းခြေတွင်
Secal ရိုက်ထားသည့် ပုံလေးကိုသာ လက်ညှိုးလေး တစ်ထောက်ထောက် လုပ်ကာ ထိုင်ကြည့်နေမိတော့သည် ....

' ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ .... ဟင် !
မင်းကြောင့် ငါဘယ်လိုတွေ ဖြစ်နေတယ် ဆိုတာ သိရဲ့လား ´

' ကောင်စုတ်လေး ... ငါ့ရင်ထဲကိုကျ တစ်ခု မှ မမြင်နိုင်ပဲ  ..
ဒီလိုမျိုး ရယ်နေတယ် ....
ငါ့မှာတော့  မင်းကြောင့် ရူးမလိုပဲ သိရဲ့လား ´

May Lily ( Completed )Where stories live. Discover now