- 26 -

2.5K 491 9
                                    

Unicode

' ဆူဆွန်းဒုံ ကိုလာခဲ့ တွေ့ကြရအောင် ´

ဤ message သည် ဥက္ကဌကြီးမှ သူ့ထံသို့ ပို့လာသော
message ပင်ဖြစ်သည် ။
မနက်ကမှ သူ့အိမ်က အစောကြီးလစ်ထွက်လာခဲ့ရုံရိှသေး
ညဘက်တွေ့ဖို့ ချိန်းနေသည်က ဘာများပါလိမ့် ။
Baekhyum ခပ်မြန်မြန် စာပြန်ရိုက်ကာ ပို့လိုက်၏ ။

' အခုလား ´

' အင်း  စောင့်နေမယ် ´

Phone က နာရီကိုကြည့်လိုက်တော့ ည 9 နာရီတီးနေပြီ ။
အမှန်တကယ်တော့ ရုံးပိတ်ရက်မို့ ဒီနေ့တစ်နေ့လုံး
မတွေ့တာကြာတဲ့ ဟိုကောင်တွေ အုပ်စုရ်ိှရာကိုသွားပြီး
အနည်းအပါး သောက်လာလို့ Baekhyun အမူးပြေရုံလေး
ရိှသေး၏ ။
သူရဲ့  အကောင်းစားသူဌေးက အလုပ်ပိတ်ရက်မှာတောင်
ကောင်းကောင်းကြီးကို အနှောင့်အယှက်ပေးနိုင်ပါသေးသည် ။

' မသွားလို့လည်း ဘယ်ရမလဲလေ
သူ့လက်အောက်မှာ အလုပ်လုပ်နေရတာကိုးးးးး ´

Baekhyun သည် စိတ်ပျက်လက်ပျက် ညီးတွားရင်း
ဆောင်းဝင်စပြုနေတဲ့ ရာသီဥတုကြောင့် ဆွယ်တာတစ်ထပ်
Hoodie တစ်ထပ်ပေါ်ကမှ Padding တစ်ထပ်ကိုပါ
ထပ်ဝတ်ခဲ့တော့ လူက အဝတ်ပုံထဲမြုပ်နေပြီ ။
အမေ ဝယ်ပေးထားသော Padding များသည်
ဖောင်းပွလျှက်  ဒူးကောက်ကွေးထိရှည်လျားနေသောကြောင့်
အမှန်တကယ်ပင် ကိုးရို့ကားယားနိုင်သော်လည်း မတတ်နိုင် ၊
ဒါမှ မဝတ်သွားရင် အပြင်က ရာသီဥတုနှင့် အေးခဲပြီး
သေပေလိမ့်မည် ။

Bus ကားစီးဖို့ အဆင်မပြေလောက်တဲ့ အကွာအဝေးမို့
Taxi တစ်စီးငှား၍ သာ Baekhyun ထွက်လာခဲ့တော့၏ ။

~

' ဟုတ် ကျေးဇူးတင်ပါတယ် ´

Baekhyun သည် Taxi မောင်းတဲ့ ဦးလေးကြီးကို
ကားမှန်ပြတင်းမှ တစ်ဆင့်ပိုက်ဆံကမ်း​ပေးပြီး
ခါးညွှတ်၍ အရိုအသေပေးလိုက်သည် ။

ပါးစပ်မှ အငွေ့များပင် ခပ်ပါးပါးထွက်အောင်ထိ
အေးချမ်းနေသော ဆောင်းဦးညတွင် Baekhyun
လက်ဖဝါးနှစ်ဖက်ကို နွေးအောင်ပွတ်တိုက်ရင်း
အာငွေ့ပေးကာ Padding အိတ်ထဲ ထိုးထည့်ထားတော့၏ ။

May Lily ( Completed )Where stories live. Discover now