အပိုင်း - ၅ (U+Z)

30.6K 4.2K 209
                                    

Unicode

လင်းကျစ်ရှ ဖျားပြီ။

ညဘက်ကတည်းက အဖျားကြီးနေသော်လည်း
ထဖို့အားမရှိသဖြင့် စောင်တင်းတင်းခြုံထားကာ
ချွေးနည်းနည်းထွက်လျှင် ပိုသက်သာ‌နိုင်လောက်သည်ဟု တွေးရင်း။

တစ်ညလုံး အကြိမ်ပေါင်းများစွာ နိုးလိုက်၊
ပြန်အိပ်ပျော်လိုက်ဖြစ်နေပြီး နောက်တစ်နေ့တွင်
နေ့မွန်းတည့်ချိန်ရောက်မှ နိုးတော့သည်။

အဖျားက မကျသေးပေ။

အဖျားကျဆေးသောက်ဖို့ ဝမ်မားကိုရှာရန်
သူ အောက်ထပ်သို့ဆင်းလာရာ..ကော်ဖီတစ်ခွက်
ကိုင်ရင်း အပေါ်ထပ်သို့တက်လာသည့်လော့ချင်
နှင့် တန်းတိုး၏။ လော့ချင်က သူ့ကို တစ်ချက်ပဲလှမ်းကြည့်ပြီး ဘာမှ‌မပြောဘဲ ဆက်သွားဖို့ပြင်သည်။

လင်းကျစ်ရှမှာ ဝမ်းနည်းဒေါသထွက်နေဖို့ပင်
အားမရှိ၊ ခြေထောက်များ ပျော့ခွေကာ လဲကျ
တော့မလို ခံစားနေရသည်။

လော့ချင်က ခြေလှမ်းရပ်သွားပြီး အသိကပ်သွားပုံပေါ်၏။

"မင်း..."

လင်းကျစ်ရှက ကြားဟန်မရှိဘဲ လှေကား
လက်ရန်းကို မြဲမြံစွာကိုင်ကာ အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းသွားလေသည်။

လော့ချင်က အပေါ်ထပ်တွင် ရပ်နေဆဲဖြစ်ကာ
‌တုပ်တုပ်မျှမလှုပ်ရသေး။ သို့နှင့် လင်းကျစ်ရှ၏
အသံတိုးတိုးကို ကြားလိုက်ရသည်။

"ဝမ်မား..အဖျားကျဆေးဘယ်မှာရှိလဲ သိလား"

"အာ၊ ဒီမှာ အလုပ်ရှုပ်နေတဲ့ကြားထဲ...ခဏစောင့်၊
ပြီးရင် ပေးမယ်"

လင်းကျစ်ရှက ဘေးမှာရပ်ကာ နာခံစွာစောင့်နေမိ
သည်။ သူဖျားလျှင် ပူသလိုခံစားရတတ်သော်
လည်း ယခုတော့ အေးလွန်းသဖြင့် ခိုက်ခိုက်တုန်နေသည်မှာ ထူးဆန်း၏။

လင်းကျစ်ရှက ပိန်ပိန်ပါးပါးဖြစ်ပြီး ဖျားနာချိန်
တွင် ပိုအားနည်းတတ်ကာ လေတိုက်လျှင်ပင်
လဲကျတော့မည့်အလား။

သူ ဆေးယူပြီးနောက် အခန်းသို့ပြန်မည့်အချိန်မှာ အပေါ်ထပ်တွင် ရပ်နေဆဲဖြစ်သောလော့ချင်ကို
တွေ့လိုက်ရသည်။ ထိုသူက ပုံမှန်နှင့်ကွဲလွဲစွာ
အခြေအနေကို သုံးသပ်နေပုံ။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now