အပိုင်း - ၈ (U+Z)

29.9K 4.2K 144
                                    

Unicode

တစ်ညလုံး နှင်းကျထားသဖြင့် မနက်ခင်းတွင်
လင်းကျစ်ရှနိုးလာသည့်အခါ ထူထပ်သိပ်သည်း
နေသောနှင်းထုကို မြင်လိုက်ရသည်။

ရှောင်အိုက်က အိပ်ပျော်နေဆဲဖြစ်ကာ ခုတင်
ပေါ်မှာ ဖင်ဘူးတောင်းထောင်ထားလေသည်။
လင်းကျစ်ရှက ကလေးကို စောင်ကူခြုံပေးရင်း
တွေးလိုက်၏။ ဆိုင်သို့ အရင်သွားရမည်၊ ပြီးလျှင်
ကောင်ကလေးကို မူကြိုပို့ရပေမည်။

အပြန်လမ်းတွင် နှင်းကျဖို့ အစပြုလာပြန်ပြီ။
လင်းကျစ်ရှ ခြေလှမ်းသွက်သွက်လှမ်းကာ
ခိုက်ခိုက်တုန်အောင် အေးနေပြီး ပြန်လာခဲ့သည်။
သူ အိမ်သို့ရောက်ချိန်မှာ...အနီရောင်ပန်ဒါ
ညအိပ်ဝတ်စုံဝတ်ထားသည့် ရှောင်အိုက်က ‌
ခြေဗလာဖြင့် ပြတင်းပေါက်ဘောင်ပေါ် 
မတ်တတ်ရပ်ရင်း အပြင်ဘက်ရှိနှင်းပွင့်များကို
ငေးနေလေ၏။ ကလေးက ပြတင်းပေါက်တံခါးကိုတွန်းဖွင့်ထားသဖြင့် အိမ်အတွင်းသို့ လေစိမ်း
တိုးဝှေ့တိုက်ခတ်နေသည်။ ရှောင်အိုက်က
လက်သေးသေးလေးနှင့် ပြတင်းတံခါးကို
နည်းနည်းတွန်းဖို့ ကြိုးစားနေဆဲ။ အိမ်က
ဟောင်း‌နေသဖြင့် ပြတင်းပေါက်တံခါးများ
ကျပ်နေလို့သာ တော်သေးသည်။ ကောင်ကလေး
လည်း ဖွင့်ဖို့အားမရှိတာမို့ အပေါက်ကျဉ်းကျဉ်းမှ
မြင်ရရုံသာ။

လင်းကျစ်ရှ ကလေးကို ချက်ချင်းဆွဲဖက်ပြီး
အိပ်ရာပေါ် ပြန်ခေါ်ရာ ရှောင်အိုက်က မြူးထူးစွာ
တစ်ကိုယ်လုံးတွန့်လိမ်နေရင်း ညအိပ်ဝတ်စုံ
လိပ်တက်သွားကာ ဗိုက်ကလေးပင် ပေါ်လာသည်။
ကလေးက အဖေနှင့် ဒုံချပ်ချပ်အက,ကချင်နေပုံ။

"သိပ်ပျော်နေတယ်ပေါ့?"

လင်းကျစ်ရှက ရှောင်အိုက်၏အဝတ်ကို ပြန်ဆွဲချ
သည်။

"လက်မြှောက်လိုက်!"

လင်းခယ်အိုက် နာခံစွာဖြင့် လက်မြှောက်လိုက်ရာ
သူ့အဖေက ဆွယ်တာထူထူတစ်ထည်ကို ‌
ခေါင်းပေါ်မှ စွပ်ချပေးသည်။ ရှောင်အိုက်က
ပျော်ပျော်ရွှင်ရွှင်ပြုံးနေရင်း နှာချေလိုက်သဖြင့်
လင်းကျစ်ရှ သားဖြစ်သူ၏ဖင်လုံးလေးကို
တစ်ချက်ရိုက်ပစ်ကာ-

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now