အပိုင်း - ၁၆ (U+Z)

29.4K 4K 150
                                    

Unicode

စားသောက်ဆိုင်ကို မှန်းထားသည့်အချိန်ထက်
ပို၍ ခပ်စောစောပိတ်ကာ လင်းကျစ်ရှ ရှောင်အိုက်
နှင့်အတူ အိမ်ပြန်လာခဲ့သည်။ သူ တစ်ခဏ
တွေးပြီးနောက် လော့ချင်ဝယ်ပေးထားသော
အဝတ်အစားများကို လဲလိုက်၏။

ရှောင်အိုက်ကို ခြုံထည်အနက်လေး ဝတ်ခိုင်းရာ
လော့ချင် အမြင်ရှိမှန်း သိသာလှသည်။
အဝတ်အစားများမှာ အလွန်ချစ်ဖို့ကောင်း၏။
သားရေဘွတ်ဖိနပ်က နည်းနည်းကြီးနေသော်
လည်း ကလေးများက အထွားမြန်သည်မို့
ဖိနပ်ဆိုဒ်ကို ခပ်ကြီးကြီးဝယ်ကြတာ ထုံးစံပင်။

ထိုဝတ်စုံကို ဝတ်ပြီးသည်နှင့် ကောင်ကလေးက
နူးနူးညံ့ညံ့အရုပ်လေးအဖြစ်မှ မင်းသားလေး
သဖွယ် ပြောင်းလဲသွားကာ ခမ်းနားကြည့်ကောင်းနေသည်။

သို့ပါသော်လည်း နောက်တစ်စက္ကန့်အတွင်းမှာပဲ
လင်းခယ်အိုက်က သရေစာမုန့်ပါသည့်အိတ်ကပ်သေးသေးလေးကို လည်ပင်းနား ယူလိုက်ကာ
ဘီစကစ်တစ်ချပ်ဆွဲထုတ်ပြီး တမြုံ့မြုံ့ဝါးနေတော့သည်။

လင်းကျစ်ရှခမျာ ရယ်ရခက်၊ ငိုရခက်။

ကောင်ကလေးက ဗိုက်ဆာလွယ်တော့
ဘယ်နေရာသွားသွား၊ စားဖို့မမေ့ပုံပဲ။

ရှောင်အိုက်ကို ဝတ်ပေးပြီးနောက် လင်းကျစ်ရှကိုယ်တိုင်လည်း ကာကီရောင်ဂျာကင်ကို
ဝတ်လိုက်သည်။ အဝတ်အစားဆိုဒ် ကွက်တိကျသော်လည်း လင်းကျစ်ရှ သူ့ကိုယ်သူ မှန်ထဲ
ကြည့်သည့်အခါ နည်းနည်း မသက်မသာခံစားရ
၏။ ဆိုင်ဖွင့်ရက်များတွင် မနားတမ်းအလုပ်လုပ်ရသဖြင့် ဆိုင်အနောက်ဘက်မီးဖိုချောင်မှာ ဆီနံ့
ပြင်းထန်စွာစွဲကပ်နေလေ့ရှိသည်။ ထို့ကြောင့်
သူ အမြဲဝတ်ဆင်တတ်သည်က သပ်ရပ်ပြီး
သက်တောင့်သက်သာဖြစ်မည့်အဝတ်အစားမျိုး။
နေရိပ်ထဲ အေးအေးဆေးဆေးအလုပ်လုပ်ရသူ
များကသာ ယခုလိုအဝတ်အစားမျိုးကို ဝတ်ဆင်သင့်သည်။ ထိုသို့သောအတွေးနှင့် လင်းကျစ်ရှ ကိုးရိုးကားရားခံစားရသည်။

သို့သော်လည်း လော့ချင်ခေါ်သွားမည့်နေရာက
အထက်တန်းစားသောက်ဆိုင်ဖြစ်နေ၏။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now