အပိုင်း - ၄၁ (U+Z)

24.7K 3.2K 105
                                    

Unicode

"မင်းခေါင်းပေါ်မှာ သစ်ရွက်ကြွေ ကပ်တင်နေ
တယ်"

ချောင်ရူရွှီက ပြုံးရင်း လော့ချင်၏ခေါင်းကို
လက်ညှိုးထိုးပြသည်။ လော့ချင် ကိုယ့်ဘာသာ
လက်ဆန့်ပြီး ဖယ်ဖို့ပြင်သော်လည်း
ချောင်ရူရွှီက ရှေ့တိုးကာ ရွက်ကြွေများကို
ကူဖယ်ပေးရင်း သူနှင့်အမှတ်မထင် နီးကပ်သွား
ပြီ။

လော့ချင်က ခြေနှစ်လှမ်းမျှ ဆုတ်လိုက်ကာ
ခပ်တိုးတိုးဆို၏။

"ကျေးဇူး"

အလွန်စိမ်းသက်သက်နိုင်သော သူ့အပြုအမူက
ချောင်ရူရွှီကို နည်းနည်းနာကျင်သွားစေ
သော်လည်း ‌အပေါ်ယံဟန်ဆောင်ပြုံးထားဆဲ။

"ငါကသာ မင်းကိုကျေးဇူးတင်ရမှာ၊ ဒုတိယ
အချက်အနေနဲ့ မင်းက ဖြေလျှော့ပေးပြီး
ပြန်လည်ပူးပေါင်းထားတယ်မလား၊ ငါ
မင်းဆီကနေ ယုံကြည်မှုပြန်ရယူဖို့ အချိန်
အတော်ကြာဦးမယ့်ပုံပါပဲ"

လော့ချင် မျက်မှောင်ကြုတ်မိသွားသည်။

"ပြန်ပူးပေါင်းဖို့က ဘုတ်အဖွဲ့ဝင်ဒါရိုက်တာ
တွေရဲ့ဆုံးဖြတ်ချက်ပဲ၊ မင်းမိသားစုနဲ့
လုပ်ငန်းစပ်တူဆောင်ရွက်တာက အကောင်းဆုံးရွေးချယ်မှုတစ်ခုမို့လို့၊ ဒီမြို့ထဲမှာ လုပ်ငန်း
ပိုင်းဆို ချောင်မိသားစုကို ပူးပေါင်းဖို့ပဲရှိတယ်၊
တခြားကိစ္စတွေနဲ့မဆိုင်ဘူး"

ချောင်ရူရွှီ သိထားသော်လည်း လော့ချင်က
ထိုကိစ္စကို ကိုင်တွယ်လိုက်ခြင်းဖြစ်မည်၊
သို့မဟုတ် သူ့အနေအထားကို ထည့်တွက်ပေး
ခြင်းဖြစ်မည်ဟု သူ ခံစားရသည်။

ချောင်ရူရွှီက ပျော့ပျောင်းသောလေသံနှင့်။

"လော့ချင်၊ ငါတို့ အနာဂတ်မှာ သူငယ်ချင်းတွေ
အဖြစ် ဆက်ရှိနေလို့ရမလား"

လော့ချင်က တစ်လုံးမှမဖြေဘဲ ချောင်ရူရွှီ၏
အနောက်ဘက်တစ်နေရာသို့ အကြည့်ရောက်
သွားကာ ချက်ချင်းဆိုသလို မျက်ဝန်းများ
လက်ခနဲ။ တောက်ပသောအပြုံးတစ်ပွင့်လည်း
ဖြစ်ပေါ်လာသည်။

လော့ချင်၏အကြည့်အတိုင်း ချောင်ရူရွှီက
လှည့်ကြည့်ရာ မမြင်ချင်ဆုံးလူကို တွေ့လိုက်ရသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Tahanan ng mga kuwento. Tumuklas ngayon