အပိုင်း - ၃၅ (U+Z)

24.8K 3.4K 42
                                    

Unicode

လင်းကျစ်ရှက ဒီအတိုင်းပြောလိုက်သလို
ထင်ရသော်လည်း စိတ်ရင်းစစ်မှန်မှုနှင့်
အားကိုးရာမဲ့သည့်ခံစားချက် မည်မျှပါဝင်
နေကြောင်း နှစ်ဦးလုံး အသိပဲဖြစ်သည်။

"ကိုယ် တောင်းပန်ပါတယ်"

လော့ချင်က တီးတိုး‌ရေရွတ်သည်။

"တကယ်လို့ အဲဒီအချိန်တုန်းက ကိုယ်
ပေါ်မလာခဲ့ရင် မင်း အခက်အခဲတွေကြုံရမှာ
မဟုတ်ဘူးလို့ တွေးမိတယ်၊ မင်း ရှောင်အိုက်နဲ့
အနှောင့်အယှက်တွေမရှိဘဲ ပျော်ပျော်ရွှင်ရွှင်
နေနိုင်လိမ့်မယ်"

လင်းကျစ်ရှ ခပ်ဖျော့ဖျော့ဆို၏။

"ပြီးတာတွေက ပြီးခဲ့ပါပြီ"

"ရှောင်ရှ..မင်း တကယ်ပဲ အရင်ကကိစ္စတွေကို
စိတ်ထဲမထားတော့ဘူးလား၊ မင်းအပေါ်
အဲ့လိုပြုမူခဲ့တဲ့အတွက် ကိုယ့်ကို အပြစ်မတင်
ဘူးပေါ့?"

လင်းကျစ်ရှ လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ
လော့ချင်ကို တစ်ချက်မျှငဲ့ကြည့်ပြီး မျက်နှာ
ပြန်လှည့်သွားသည်။ သူ့အမူအရာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်တော့။

"အဲဒီတုန်းက ခင်ဗျား ဘာလို့ အဲ့လိုပြုမူခဲ့လဲ
ကျွန်တော်နားလည်ပေမယ့် ကျွန်တော့်
အတွက်တော့ အဲ့နေ့ရက်တွေက သိပ်ကို
ဝမ်းနည်းဖို့ကောင်းပြီး ခိုကိုးရာမဲ့စေတယ်၊
ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လုံးဝ
အသုံးမဝင်တဲ့လူတစ်ယောက်လို ခံစားခဲ့ရတာ၊
ဒီလိုမတွေးဖို့ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ်
နှစ်သိမ့်ရုံပဲတတ်နိုင်ခဲ့တယ်၊ ကျွန်တော်က
တမင် ပျောက်ကွယ်သွားပြီးပါပြီ၊ ထားလိုက်
ပါတော့...ခင်ဗျားကို ဘယ်လိုအပြစ်တင်ရဦး
မှာလဲ"

လော့ချင် ရင်ထဲ ခါးသက်သက်ခံစားလိုက်ရ
သည်။

"ရှောင်ရှ၊ ဒဏ်ရာတွေက နဂိုအတိုင်းပြန်မဖြစ်
နိုင်မှန်းသိပါတယ်၊ ဒါပေမယ့် ကိုယ် ပြင်ဆင်‌ဖို့ကြိုးစားမယ်၊ ဒါဟာ ရှောင်အိုက်အတွက်
ရည်စူးပြီးပြောတာလို့ မင်း ထင်ကောင်း
ထင်နိုင်ပေမယ့် အဲ့လိုမဟုတ်ဘူး၊ ကိုယ်
ဒီလိုတွေးနေခဲ့တာ အတော်ကြာပြီ၊ မင်းကို သဘောကျတယ်ဆိုတဲ့စကားက လိမ်ညာ
နေတာမဟုတ်ဘူး၊ ရှောင်အိုက်ကြောင့်
မဟုတ်သလို တခြားဘာအကြောင်းမှမပါဘဲ
ကိုယ် မင်းကို သိပ်သဘောကျတယ်"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now