အပိုင်း - ၃၆ (U+Z)

22.6K 3.3K 83
                                    

Unicode

နိုင်ငံခြားကို ဘာကိစ္စနှင့်သွားသလဲဆိုတာ
လော့ချင်က မပြောပြသကဲ့သို့ လင်းကျစ်ရှ
ကိုယ်တိုင်လည်း မမေးဖြစ်။ မိုးလေဝသ
ကြိုတင်သတိပေးချက်အကြောင်း၊ ရောက်ရှိ
နေသည့် နေရာဒေသအကြောင်း လော့ချင်က
နေ့တိုင်း မက်ဆေ့ခ်ျပို့ဆဲ။ တရုတ်ပြည်မှာ
ရှိတုန်းကထက်ပင် အကြိမ်ရေစိပ်ကာ ပိုပြီး
ရဲတင်းလို့လာသည်။

လင်းကျစ်ရှက မက်ဆေ့ခ်ျများကို ဖတ်ဖြစ်
သည့်အခါရှိသလို တစ်ခါတစ်ရံလည်း မဖတ်မိ။

သုံးရက်မြောက်နေ့မှစ၍ လော့ချင်က
ကြိုအသိပေးခြင်းမရှိပါဘဲ မက်ဆေ့ခ်ျပို့တာ
ရပ်သွားသည်။ မူလက လင်းကျစ်ရှ
ဂရုမစိုက်ဟုတွေးသော်လည်း နှစ်ရက်ကြာပြီး
ချိန်မှာ မနေနိုင်တော့ဘဲ ရှောင်ချီဆီသွားကာ
မေးမြန်းတီးခေါက်ကြည့်ရသည်။

"ကျွန်တော်လည်း မပြောတတ်ဘူးဗျ၊
အစ်ကိုလော့ နိုင်ငံခြားမှာ ဘာကိစ္စရှိလဲဆိုတာ ကျွန်တော် မသိဘူး"

ချီမင်ယွမ်က ခေါင်းတစ်ချက်ကုတ်ကာ

"အစ်ကိုလော့က လူတစ်ယောက်ကို လိုက်ရှာ
နေတာ အတော်ကြာခဲ့ပြီ၊ ဟိုတလောကမှ
သဲလွန်စရလို့"

လူတစ်ယောက်ကို လိုက်ရှာနေတယ်?

လင်းကျစ်ရှ စိတ်ရှုပ်သွားရသည်။

"သူက ဘယ်သူ့ကိုရှာနေတာလဲ"

"ကျွန်တော် မသိဘူး၊ တကယ် လျှို့ဝှက်တဲ့
ကိုယ်ရေးကိုယ်တာကိစ္စဖြစ်မယ်၊
ကျွန်တော်တို့ ဘော့စ်ကလွဲလို့ ဘယ်သူမှ
မသိဘူး"

‌ချီမင်ယွမ်က ခေါင်းခါရင်း

"ဟိုတစ်ခေါက် အစ်ကိုကျစ်ရှ သွားပို့ပေးတဲ့
ဖိုင်က ဒီကိစ္စနဲ့ဆက်စပ်မယ် ထင်တယ်"

ကိစ္စက ဘာလို့ ဆန်းသထက်ဆန်းကြယ်လာ
ရတာလဲ။

‌လင်းကျစ်ရှ လေသံနှိမ့်လိုက်ကာ

"အန္တရာယ်များတဲ့ကိစ္စတော့ မဟုတ်‌လောက်
ဘူးနော်"

"လူတစ်ယောက်ကိုရှာတာ အန္တရာယ်မရှိ
လောက်ပါဘူး၊ အစ်ကိုလော့က စီးပွားရေး
လုပ်ငန်းအကြီးစားတွေကို ကိုင်တွယ်နေတဲ့
သူပဲ၊ သိပ်မစိုးရိမ်ပါနဲ့"

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now