ဇာတ်သိမ်းပိုင်း (Unicode)

30.7K 2.9K 144
                                    

Unicode

လော့ယောင်က မျက်ဆံလည်ပြပြီး ဆိုသည်။

"မလိုပါဘူး"

လော့ချင်က သူမကို အေးတိအေးစက်ကြည့်လိုက်၏။ လော့ယောင် စိတ်တိုသွားကာ
နှုတ်ခမ်းမဲ့ပြီးနောက် ထထွက်သွားတော့သည်။

"ညီမလေး နေ့လယ်ပိုင်းမှာ လုပ်စရာရှိလို့၊
ညနေကျမှပြန်လာဖြစ်မယ်၊ အာ..အဖေက
ညီမလေးကိုကူညီဖို့ ကိုကြီးဆီပြောထားသေး
တယ်နော်"

လော့ချင်က ပြန်မဖြေ။ ထွက်ခွာသွားသော
လော့ယောင်၏နောက်ကျောကိုကြည့်ရင်း
လင်းကျစ်ရှ ခပ်တိုးတိုးမေးလိုက်သည်။

"လော့ယောင်ရဲ့အမေက...အိမ်မှာမရှိဘူးလား"

"ပြည်ပရောက်နေတုန်းဆို ပြန်လာခဲတယ်"

လင်းကျစ်ရှ ခေါင်းညိတ်လိုက်ပြီး ဆက်မမေး
တော့။ လော့ချင်က မတ်တတ်ရပ်ရင်း

"ကိုယ့်အခန်းကို သွားကြမလား"

လင်းကျစ်ရှက အနားလျှောက်လာကာ
သဘာဝကျကျပင် လော့ချင်၏လက်ကို
ဆုပ်ကိုင်လိုက်သည်။

"အင်း"

အရင်တစ်ခေါက် ရောက်ဖူးသောအခန်းကို
လင်းကျစ်ရှ မှတ်မိသည်။ သို့သော် ထိုအချိန်
တုန်းက သူ့စိတ်အခြေအနေမကောင်းတာမို့
ဒီအတိုင်းပဲ ခပ်ရွံ့ရွံ့ထိုင်ဖြစ်ခဲ့၏။ လော့ချင်
နှစ်ပေါင်းများစွာနေထိုင်ခဲ့သောအခန်းကို သူ
ယခုမှ သေသေချာချာကြည့်မိခြင်းပင်။

အခန်းအပြင်အဆင်မှာ အလွန်ရိုးရှင်းကာ
လော့ချင်၏စရိုက်နှင့်ကိုက်ညီပေသည်။ စားပွဲ
ပေါ်ရှိ လော့ချင်ဓာတ်ပုံကို သူ တန်းမြင်လိုက်၏။
အလယ်တန်းကျောင်းတုန်းက ရိုက်ထားသောပုံ
ဖြစ်မည်။ လော့ချင်က ကျောင်းယူနီဖောင်း၊
ဆွယ်တာနှင့်ရှပ်အင်္ကျီဝတ်ထားပြီး လူအုပ်ကြား
ရပ်ရင်း ကင်မရာကို ခပ်ဖျော့ဖျော့ကြည့်နေ
သည်။ အနောက်ဘက်မှာတော့ လူအသွားအလာ
ရှိနေသည့်လမ်းကျယ်ကြီး၊ ဘေးတစ်ဖက်
တစ်ချက်မှာ သစ်ပင်ကြီးများ အတန်းလိုက်
ပေါက်ရောက်လျက်။ မှန်ဘီလူးကို တမင်
ဝါးထားတာမဟုတ်သော်လည်း လော့ချင်၏
ပုံရိပ်ကတော့ ပြတ်သားကာ အလင်းနည်းနည်း
မှိန်နေသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Unde poveștirile trăiesc. Descoperă acum