အပိုင်း - ၂၅ (second part)

27.1K 3.6K 191
                                    

Unicode

ပိတ်ရက်တွင် လော့ချင်က လင်းကျစ်ရှနှင့်
ရှောင်အိုက်ကို လာခေါ်သည်။

လင်းကျစ်ရှက လော့ချင်နှင့် အကြာကြီးမနေဖို့
သေချာသဖြင့် အဝတ်အစားနည်းနည်း
ထုပ်ပိုးကာ suitcase ခပ်သေးသေးကိုဆွဲပြီး
လော့ချင်၏ကားထဲ ဝင်ထိုင်လိုက်သည်။

ထုပ်ပိုးသိမ်းဆည်းရင်း လွန်ခဲ့သောလေးနှစ်က အချိန်ကို သူ ပြန်အမှတ်ရမိ၏။ ထိုစဉ်က
သူ ထွက်သွားခဲ့ပြီး နောက် ဘယ်တော့မှ
ပြန်မလာဟုတွေးခဲ့သော်လည်း လက်ဆွဲအိတ်
အသေးနှင့်အတူ ပေါ့ပေါ့ပါးပါးလျှောက်လှမ်း
ခဲ့တာပဲ ဖြစ်သည်။

ဒီတစ်ကြိမ်မှာလည်း သူက လော့မိသားစု
အတွက် ဖြတ်လျှောက်သက်သက်ဖြစ်ဖို့
ကံပါပုံရ၏။

လေးနှစ်ကြာပြီးမှ ထိုနေရာသို့ပြန်သွားသည့်
အခါ တံခါးရှေ့ရပ်နေရုံနှင့် လင်းကျစ်ရှ
မသက်မသာခံစားရသည်။

လင်းခယ်အိုက်ကိုပွေ့ချီထားရင်း တုပ်တုပ်မျှ
မလှုပ်နိုင်ကာ ခြေတစ်လှမ်းပင် မရွေ့မိ။

လော့ချင်က suitcase ဆွဲရင်း ရောက်လာပြီး
လင်းကျစ်ရှ၏‌ တောင့်တင်း‌နေသော
နောက်ကျောကိုကြည့်ရင်း အပြစ်ရှိသလို
ခံစားချက်တိုးထွက်လာသည်။

"ရှောင်ရှ..."

သူ့စကားသံထွက်ပေါ်လာချိန်မှာပဲ
လင်းကျစ်ရှက တံခါးမှတစ်ဆင့် အတွင်းသို့
ဝင်သွားလေသည်။

လော့ချင် ကြိုအသိပေးထားသဖြင့် ဝမ်မားက ဧည့်ခန်းထဲထိုင်စောင့်နေသည်။ လင်းကျစ်ရှ
တစ်ချက်ငဲ့ကြည့်ရာ ဝမ်မားက ကိုးရိုးကားရား
ပြုံးပြပြီး

"မစ္စတာလင်း..."

မစ္စတာလင်း?

ထူးဆန်းတဲ့အခေါ်အဝေါ်ပဲ။

လင်းကျစ်ရှက လော့ချင်နှင့်ပတ်သက်
ဆက်နွှယ်မှုထပ်မရှိတော့ကြောင်း ဝမ်မားကို
ပြောလိုက်ချင်သည်။ သို့ရာတွင် ရေရှည်ခွဲခွာ
ပြီးမှ ပြန်ဆုံရသည့်မိတ်ဆွေများလို နှုတ်ဆက်
စကားပြော‌နေဖို့ တကယ် စိတ်ကူးမရှိ။

သူ ရှောင်အိုက်ကို ဖက်ထားလိုက်ကာ
တီးတိုးရေရွတ်မိသည်။

ကွာရှင်းပြီးမှ ကိုယ်ဝန်ရ || ဘာသာပြန် [COMPLETED]Where stories live. Discover now