Ep.2

9.7K 818 95
                                    

Omega ဆိုတာသိရတဲ့နေ့ကစလို့ထယ်ယောင်းဘဝလေးဟာပြောင်းလဲခဲ့တော့သည်
အရင်ကဆို ထယ်ယောင်းဟာအိမ်ရဲ့ အချစ်ခံလေးဖြစ်တဲ့အပြင် အကုန်လုံး သဲသဲလှုပ်ချစ်ကြသည် omega ဆိုတာသိတဲ့နေ့ကစပီး သူ့အနားကို ကပ်တာဆိုလို့မေမေနဲ့ဖေဖေသာရှိသည်
အဖွားဆို တစ်ခါတစ်လေ omega အနံ့တွေမခံနိုင်ဘူးဆိုကာ မောင်းထုတ်တတ်သည် တကယ့်ကိုအရင်ကနဲ့တစ်ခြားဆီခွဲခြားဆက်ဆံခံလာကသည် ထယ်ယောင်းမှာတစ်နေ့ တစ်နေ့ Alpha phermone တွေက သူ့ကိုစိတ်အနှောက်ယှက်ဖြစ်စေတာကြောင့် အခန်းထဲမှာဘဲနေလေ့ရှိသည်
အရင်တုံးက လေးထောင့်ဆန် အပြုံးလေးဟာ အခုဆိုပျောက်ကွယ်ခဲ့တာကြာကောပေါ့
ထယ်ယောင်းငယ်ဟာအရမ်းကို အသည်းနုတဲ့ခလေးဖြစ်တာကြောင့် တစ်နေ့တစ်နေ့ အရင်ကအကြောင်းတွေပြန်တွေးကာအခန်းထဲမှာငိုနေလေ့ရှိသည်
သို့ပေမဲ့ မေမေနဲ့ဖေဖေကတော့ ထယ်ယောင်းကို အချစ်မလျော့ဘဲ အရင်ကထက်တောင် ပိုသဲသဲလှုပ်နေတော့သည်

သားလေးရေ

ဗျာ မာမား

မနက်စာစားရအောင်လေကွယ် လာ

ဟုတ် ယောင်းဆင်းလာပါ့မယ်

အေအေ

ထယ်ယောင်း လည်း မနက်စာစားဖို့အောက်ဆင်းလာတော့ စားပွဲဝိုင်းမှာ အဖွားအပြင် ဦးလေးအကြီးပါရှိသည် ဦးလေးကြီးဆိုတာက အဖွားရဲ့ သားလတ် အကြီးဆုံးကဆုံးပါးသွားပီဖြစ်သည် ဦးလေးငယ်ကတော့ အလုပ်များတဲ့လူဖြစ်တာကြောင့်ခရီးထွက်နေရသည် ဦးလေးငယ်မှာကမိန်းမနှင့် သားတစ်ယောက်ရှိသည် ယောင်းထက်နှစ်နှစ်ကြီးသည်ပီးတော့မာမားနဲ့ပါပါးလည်းရှိသည် ထိုင်နေကျနေရာ မာမားဘေးဝင်ထိုင်လိုက်သည်

ကျစ်

ဦးလေးလတ်ဆီက ကြားလိုက်ရတဲ့အသံ

မနက်စောစောစီးစီး ကျက်သရေမရှိဘူး omega နံ့တွေမွှန်ထွန်နေတာဘဲ မနက်စာတောင်မစားချင်တော့ဘူး

ယောင်းမှာ မျက်နှာကိုအောက်သာငုံ့ထားမိသည် မျက်ရည်မကျအောင် တင်းခံထားရင်း

ဟုတ်ပ

အဖွားကထောက်ခံသလိုဆိုသည်

နောက်နေ့ မနက်စာကို ငါတို့နဲ့တစ်ဝိုင်းထဲလာမစားနဲ့ ကြားလား ကင်မ်ထယ်ယောင်း

He is My Omega (Complete)Where stories live. Discover now