Ep. 9

10.9K 826 76
                                    

မျက်လုံးပွင့်ဟလာတာနဲ့ တစ်ပြိုင်နက် နွေးထွေးမူကြီးကိုခံစားနေရသည် အနောက်ကနေခါးကိုသိုင်းဖက်ထားတဲ့ တတ်တူးတွေနဲ့ လက်ကြီးကို အပေါ်ကနေထပ်ဖက်ထားလိုက်သည် ဒီလိုကြည်နူးဖို့ကောင်းလွန်းတဲ့ချိန်လေးကို လိုချင်နေတာကြာရောပေါ့ ကြည်နူးမှုကြောင့် မျက်ရည်ကျချင်နေရော မထချင်သေးတာကြောင့် အဲ့တိုင်းလေးသာ နေနေလိုက်သည်

ဂျောင်ကုအမှန်တကယ်တော့ ထယ်ယောင်းမနိုးခင်ထဲက နိုးနေခြင်းပင် ကိုယ်လုံးအိအိလေးကို မလွှတ်ချင်သေးတာကြောင့် အနောက်ကနေဖက်ထားတာ သူ့ရင်ခွင်ထဲမြုပ်နေတဲ့ ထယ်ယောင်းကြောင့် ​ပါးချိုင့်ရေးရေးပေါ်အောင်ပြုံးမိသည်
ထယ်ယောင်းနိုးလာတော့ အသာလေးအိပ်ချင်ယောင်ပြန်ဆောင်နေမိသည် ထသွားမည်ထင်ထားသော်လည်း ကျွန်​​တော့် လက်ပေါ်ထပ်ကိုင်လာတဲ့ လက်ကလေးတွေ
အသာလေးငြိမ်နေလိုက်သည် ဘာထပ်လုပ်မလဲဆိုတာ သိချင်တာကြောင့် လက်ကိုကိုင်ပြီး သူဖက်ထားတဲ့အတိုင်းငြိမ်ခံနေတာ
ငါးမိနစ်လောက် အဲ့တိုင်းသာ နှစ်ယောက်သားနေနေကြမိသည် ကျောပေးထားရာကနေ ဒီဘက်ကိုလှည့်ပြီး ရင်ခွင်ထဲ တိုးဝင်လာတဲ့ကောင်လေး လက်လေးနှစ်ဖက်က ဘေးတစောင်းလှဲနေတဲ့ သူ့ကိုယ်ပေါ်တင်ထားသေး ရင်ခွင်ထဲခေါင်းအပ်လိုက်တဲ့ထယ်ယောင်းကြောင့် မသိမသာလေး ခေါင်းလေးကို မေးစေ့နဲ့ ပွတ်လိုက်မိသေးတာ ဟောက်သံလေးထွက်လာတာကြောင့် မျက်လုံးအသာဖွင့်ပီး ငုံ့ကြည့်မိတော့ ပြန်အိပ်ပျော်သွားပြီ ဖြစ်သည် ဆံပင်လေးကို တစ်ချက်ငုံ့နမ်းပြီး မျက်နှာလေးကို ကြည့်နေမိသည်
သဘောကျနေမိပြီ ထင်တယ် မငိးကို

သူပြောနေတဲ့စကားတွေအိပ်နေတဲ့ omega လေး ကြားနိုင်မည်မထင် ခေါင်းအုံးပေါ် သေချာနေရာချပေးလိုက်ကာ စောင်ကို ရင်ဘတ်နားထိဆွဲခြုံပေးလိုက်ပြီး မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်

အောက်ကိုဆင်းလာတော့ ဧည့်ခန်းထဲထိုင်ကာဖုန်းသုံးနေတဲ့ ဝူဘင်း
ဒီကောင်ကို ငယ်ငယ်ထဲက သူသိပ်သဘောမကျ အပါး စကားကြောင့်သာ အိမ်ပေါ်ခေါ်တင်ထားတာ မနေ့က ရောက်ခါထဲ က ထယ်ယောင်းကိုကြည့်တဲ့အကြည့်ကိုမကြိုက်ပါ အတတ်နိုင်ဆုံး ဝေးဝေးနေခိုင်းကမယ် ထယ်ယောင်းကို ဝူဘင်းရှေ့ဝင်ထိုင်လိုက်တော့ သူ့ကြည့်ပြီး စကားဆိုလာသညိ

He is My Omega (Complete)Where stories live. Discover now