Ep. 13

9.7K 731 83
                                    

ဂျောင်ကုလည်း စတော်ဘယ်ရီဝယ်ပြီး အိမ်ကိုမြန်မြန်ပြန်လာခဲ့လိုက်သည် အိမ်တံခါးဖွင့်လိုက်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကစို့နင့်စွာ လှဲကျနေတဲ့ ယောင်းကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ပျော့ခွေစွာပါလာသည်

သူမှားတာ တစ်ယောက်ထဲမထားခဲ့သင့်တာ တွေးရင်းနဲ့ ဝေဝါးလာတဲ့ သူ့မျက်လုံးတွေ ကိုယ်ငယ်လေးကိုပွေ့ချီကာ နီးစပ်ရာဆေးရုံးဆီကားကိုမောင်းနှင်မိတော့သည် မီးပွိုင့်တွေလည်းဘယ်နှစ်ခုဖြတ်လို့ဖြတ်ခဲ့မှန်းမသိ ဆေးရုံရောက်ပြီး အခန်းထဲဝင်သွားတော့ သူ့မှာ အရှေ့ကနေ ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့ဆရာဝန်ပြန်ထွက်လာတော့သူ့အနားကိုလျင်မြန်စွာပြေးကာပင်မေးမိသည်

လူနာရှင်ကဘယ်သူလဲမသိဘူး

ကျွန်တော် ကျွန်တော် ကလူနာရဲ့အမျိုးသားပါ

အာ ဟုတ် လူနာက အကြောက်လွန်ပြီး မူးလဲသွားတာပါပြီးတော့ အားလည်းနည်းနေတယ် နောက်သတင်းကောင်းတစ်ခုက​တော့လူနာမှာကိုယ်ဝန် ရှိနေပါပြီ ဒါကြောင့်သေချာဂရုစိုက်ဖို့မှာချင်တာပါ

ဂျောင်ကုမှာဆရာဝန်ရဲ့ရှင်းပြချင်တစ်သီတစ်တန်းကြီးကိုနားထဲမဝင်တော့ သူ့ရင်ထဲကအလုံးကြီးလဲကျသွားပြီ ကြည်နူးမှုကအတိုင်းမသိဝင်ရောက်လာခဲ့သည် နောက်ဆုံးတော့ အဖေတစ်ယောက်ဖြစ်လာတော့မှာသူက

ယောင်းကသူ့သွေးသားလေးကိုလွယ်ထားပြီ တဲ့ အဟားပျော်လွန်းလို့ အကျယ်ကြီးအော်​ပြီး ခုန်ပေါက်လိုက်ချင်ပေမဲ့ ရောက်နေတာကဆေးရုံမို့
ခုန်ချင်နေတဲ့စိတ်ကိုအောင့်အီးထားလိုက်သည်

ဟို ဒီ ဒီမှာဗျ

ဟုတ်ကဲ့

ဆရာဝန်မှာ သူကလူနာကိုဂရုစိုက်ဖို့မှာတမ်းခြွေနေသလောက် ပြုံးစိစိနဲ့အရှေ့ကလူကြောင့်

ကျွန်တော် ပြောတာကြားရဲ့လားဗျ

ဟုတ်ကဲ့ ကြားပါတယ် ကျွန်တော် ခုဝင်တွေ့လို့ရပြီလားဗျ

ဟုတ်ကဲ့ဆေးရုံကတတ်စရာမလိုတာမို့ဆင်းလို့ရပါပြီ

ဟုတ်ကဲ့

He is My Omega (Complete)Where stories live. Discover now