Ep. 8

10.9K 778 61
                                    

ဂျီမင်းးးနီးး

ထယ်ယောင်းးဂီးးး

နှစ်ယောက်သား ထပြီး ပြေးဖက်ကြတဲ့နှစ်ယောက်ကိုကြည့်ကာ ဂျောင်ကုနဲ့ ယွန်ဂီမှာကြောင်တောင်တောင်
ကလေးတွေကျနေတာဘဲ ခုန်ဆွခုန်ဆွလုပ်ပြီး ဖက်နေပုံက ဂျောင်ကုမှာ ထယ်ယောင်းကိုအတင်းဖျစ်ညစ်ကာ ဖက်ထားသောဂျီမင်းကြောင့် ပါးစောင်ကိုလျှာနဲ့ထိုးနေရတော့သည်

omega လေးနှစ်ယောက်က ပျော်ရွှင်နေဟန်တူ Pheromone. အနံ့တွေကပျံ့နေခဲ့ကြသည် Alpha နှစ်ယောက်ကလည်း omega လေးတွေရဲ့ရနံ့ကြောင့် လွတ်ချင်နေသောစိတ်တစ်ချို့ကိုမနဲထိန်းနေရသည်

ထယ်ယောင်း

ထိုအခါ မှ ဖက်ထားရက်နဲ့ပင် ခေါင်းလေးစောင်းကြည့်လာတဲ့ထယ်ယောင်းကို ဂျောင်ကု လက်ကနေဆွဲကာ သူ့ဘေးပြန်ထိုင်စေလိုက်သညိ ဂျီမင်းကိုလည်း ယွန်ဂီက သူ့ဘေးပြန်ထိုင်ခိုင်းထားသည်

မိုချီလေး နဲ့ ထယ်ယောင်းက သိနေတာလား

ဟုတ်တယ် Min ရဲ့ မိုချီနဲ့က သူငယ်ချင်းတွေလေ

အော်

ယောင်းလက်ထပ်ပြီး ထဲက အခုမှပြန်တွေ့ရတာဆိုတော့ ပျော်သွားလို့ပါ

စိုက်ကြည့်နေတဲ့ဂျောင်ကုကိုမျက်နှာချိုသွေးကာ ပြောလိုက်သည်

ပြီးရော

အဲ့ဆို တကူးတက မိတ်ဆက်စရာမလိုတော့ဘူးပေါ့

ဟုတ် ယွန်ဂီယောင်း

ဟုတ် Min

စားကျလေ

ဂျောင်ကုပြောလာတော့မှ အကုန်လုံး ထမင်းလိပ်ကိုအားရပါးရစားကြပြီး နောက် ဂျီမင်းနီးတို့က လည်း ညနေစောင်းနေပြီမို့ နှုတ်ဆက်ကာ ပြန်သွားတော့သည်

ထယ်ယောင်းလည်း သိမ်းစရာရှိတာသိမ်းပြီး နောက် ဂျောင်ကုကအပေါ်တတ်သွားပြီး ဖြစ်တာကြောင့် သူတစ်ယောက်ထဲ အောက်မှာပင် ခြံထဲဆင်းပြီး အေးမြတဲ့လေလေးကို ဒန်းပေါ်ထိုင်ကာတစ်ဝကြီးရှုပစ်လိုက်တော့ လန်းဆန်းသွားသလိုပင်
ခနလောက်ထိုင်ပြီး နောက် မှောင်လာပြီ ဖြစ်တာကြောင့် အိမ်ထဲဝင်ခဲ့လိုက်သည် သို့ပေမဲ့ တစ်ယောက်သောသူကတော့ သူ့ကိုစောင့်ကြည့်နေတာကိုမသိခဲ့ပေ
ဂျောင်ကုတစ်ယောက် ပြတင်းပေါက်ကလိုက်ကာဖွင့်ဖို့ထလိုက်တော့ ဒန်းလေးပေါ်မှာထိုင်နေတဲ့ထယ်ယောင်း အေးချမ်းလိုက်တာမင်းကိုကြည့်ရတာ ငါဘာဖြစ်လို့များနာကျင်အောင်လုပ်ခဲ့မိပါလိမ့်

He is My Omega (Complete)Where stories live. Discover now