Ep. 14

8.7K 625 102
                                    

မြန်မြန်သွား လိုက်မယ် နော့😁

ခုဆို ကိုယ်ဝန်က သုံးလထဲဝင်လာပြီ မို့ ယောင်းဗိုက်ကလေးကလုံးလုံးလေးဖြစ်လို့လာသည်
စိတ်ကလည်း ဆယ့်နှစ်မျိုးလောက် ခုဟိုဟာပြီး ရင်မဟုတ်တော့ပြန် တစ်ခုခုအလိုမကျရင်လည်း အော်အော်ငိုမယ်ဆိုတာကြီးဘဲ မွေးလာမဲ့ကလေးကိုမထိန်းကသေး ဒီကလေးကြီးကိုအရင်ထိန်းနေရတဲ့ ကျွန်တော့် ဘဝရယ်

အပါးကလည်းကုမဏီလွှဲပေးလိုက်ပြီ မို့ အလုပ်နဲ့လက်နဲ့ကပျက်တယ်မရှိ ကုမဏီကညနေမှပြန်ရောက်တာမို့ အဖော်ရအောင်ဟန်နာ့ကိုခေါ်ထားပေးလိုက်သည်
ပထမကတော့ အတင်းပင်ငြင်း ကာ ကုမဏီကိုလိုက်မယ်ဆိုတဲ့ ယောင်းကြောင့် သူ့မှာခေါင်းမီးတောက်နေရသည် နောက်မှနေသားကျသွားသည်ထင်

သူတို့နှစ်ယောက်ကျန်ခဲ့လို့ ငြိမ်ငြိမ်နေတာတော့မထင်နဲ့ တစ်အိမ်လုံး မုန့်တွေပတ်စားပြီး အမှိုက်ပေါင်းသောင်းခြောက်ထောင်လောက်ဖွထားသေး
ဟန်နာကလည်း ယောင်းကို အရမ်းဂရုစိုက်တာမို့ စိတ်ချလက်ချလွှတ်ထားခြင်းပင်
အစပိုင်းနှစ်ရက်သုံးရက်လောက်ကတော့ ဟန်နာ့ကိုအမြင်မကြည်တဲ့ကလေးက အခုတော့ ပါးစပ်ကနေဟန်နာဆီသွားမယ် ဟန်နာ့ကိုခေါ်ပေးဆိုတာကြီးဘဲ
ဟိုဟာမကလည်း သူ့အနာဂတ်လင်လေးဆိုပြီး ဗိုက်ထဲကမမွေးသေးတဲ့ကလေးကိုကော ယောင်းကိုပါသဲသဲလှုပ် ဂျီမင်းကိုပထမကခေါ်ပေးမို့လုပ်ပေမဲ့ ဂျပန်ရောက်နေတဲ့ လင်လင်နှစ်ယောက်ကြောင့် ဟန်နာ့ ကိုသာအားကိုးလိုက်ရတော့သည်

(ဟန်နာက ကျယ်မပါ😁)

မောင်ရေ

လာပြီ ယောင်း

မီးဖိုချောင်ထဲမနက်စာလုပ်နေတုန်း အိပ်ချင်မူးတူးအသံလေးကြောင့် အပြေးသွားမိ​တော့ လှေကားပေါ်ကလှုပ်တုပ်လှုပ်တုပ်ဆင်းလာတဲ့ ယောင်း

အိပ်ရာထခါစမို့ မျက်နှာလေးကဖောင်းအစ်အစ်လေးဖြစ်နေသည် ခုတလော ယောင်းကပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်လာတဲ့အပြင် ပါးကလေးတွေကလည်း နဂိုထက်ပိုလို့တောင်ဖောင်းဖောင်းလေးဖြစ်လာလို့ သွားတွေတောင်ယားနေသည်အထိ

He is My Omega (Complete)Where stories live. Discover now