Ep. 20🔞

9.7K 550 87
                                    

ဒီနေ့ jeon Tae လေး 2 နှစ်ပြည့်မွေးနေ့အတွက် ခြံထဲမှာပွဲလုပ်မည်ဖြစ်တာကြောင့် မောင်ကော သူပါအလုပ်ရူပ်နေကြသည်
ယွန်ဂီတို့အတွဲပါ ရောက်လာပြီး ဝိုင်းကူနေတာကြောင့် သိပ်တော့မပင်ပန်း မောင်ကတော့ သူ့ကိုအပင်ပန်းမခံခိုင်း ဂျွန်ထယ် လေးကိုသာကြည့်စေသည်

2 နှစ်ရှိပြီဖြစ် တဲ့ဂျွန်ထယ်လေးမှာ စကားတစ်လုံးစနှစ်လုံးစမပီတပီလေးပင်ပြောတတ်နေပြီ ဖြစ်သည်
ဂျွန်လေး ပီပီပြင်ပြင်ခေါ်တတ်တာဆိုလို့

DaDa
papa
NaNa
jiji
gigi
binbin

ဆိုတဲ့နာမ်စားလေးတွေသာ

Dada ကတော့ မောင့်ကိုခေါ်တာဖြစ်ပြီး
papa ဆိုတာကတော့သူ့ကိုခေါ်ခြင်း

NaNa ဆိုတာကတော့ Hana
jiji ဆိုတာကတော့ jimin
gigi ကတော့ ယွန်ဂီယောင်း
binbin ကတော့ဝူဘင်းကိုခေါ်ခြင်းပင်

ခုလည်း အကုန်လုံးအလုပ်ရူပ်နေတာမို့ ဂျွန်လေးကို ဧည့်ခန်းထဲက ကောဇောပေါ် မှာအရုပ်တွေနဲ့အတူချပေးထားလိုက်သည်
မောင်ကမကူနဲ့ပြောသောလည်း သူကတော့ ဝိုင်းကူချင်တာကြောင့် မီးဖိုချောင်ထဲဝင်ခဲ့လိုက်သည်

မီးဖိုခန်းထဲ ကိတ်မုန့်ဖုတ်ဖို့အတွက် ဂျုံတွေနဲ့ပလူးနေတဲ့ မောင့်ကိုကြည့်ကာ ထယ်ယောင်းအသံထွက်အောင်ရီမိတော့ မျက်လုံးလှန်ကြည့်လာသည်

ဘာရီတာလဲ ဂျွန်ထယ်ယောင်းရှီး

ခစ်ခစ် မောင့်ရုပ်ကလှလို့ပါ

အော်တော်တော်ကြည့်လို့လှနေတယ်ပေါ့ ဟုတ်လားလာထား

ဆိုကာ လက်ကနေဆွဲကာ မျက်နှာကိုဂျုံတွေနဲ့သုတ်ပါသောမောင်
ထယ်ယောင်းလည်းမထိအောင်ကာရင်း ရုန်းနေပေမဲ့ အားသန်တဲ့မောင့်ကိုမယှဥ်နိုင် နှစ်ယောက်သားရုံးရင်းဆန်ခတ်ဖြစ်နေတုန်း

ရားး မင်းတို့လင်လင်နှစ်ကောင်ကတော့ ကိတ်မုန့်လုပ်မဲ့ဟာကို

အော်သံနဲ့အတူ ရောက်လာပါသောယွန်ဂီယောင်း နဲ့ဂျီမင်း

နှစ်ယောက်သားခွာလိုက်ကာ

Hyung တို့ကလည်း

မြန်မြန်လုပ်စမ်းပါ အချိန်ကမရှိတော့ဘူး

He is My Omega (Complete)Where stories live. Discover now