Ep. 6

10.5K 768 34
                                    

မျက်လုံးနှစ်လုံး ပွင့်တာနဲ့တစ်ပြိုင်နက် ခံစားလိုက်ရတဲ့ ခန္ဓာကိုယ် ပေါ်ကနာကျင်မူတွေ မနေ့ကလောက်အခြေနေမဆိုးတာကြောင့် သိပ်တော့မနာ

ဘေးနားမှာဂျောင်ကုများရှိနေမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ ခေါင်းလေးစောင်းကာကြည့်လိုက်ပေမဲ့ ရှိမနေ သက်ပြင်းချကာ ရေချိုးခန်းထဲ ဝင်ကာနုံးချိနေတဲ့ ခန္ဓာကိုယ် ကိုလန်းသွားအောင်ရေချိုးလိုက်သည်

အကျီလည်း အခုထိမဝယ်ကသေးတာကြောင့် ဂျောင်ကုအကျီသာဝတ်လိုက်သည်ဆေးလိမ်းကာ အောက်ထပ်ကိုဆင်းလာတော့ စားပွဲပေါ်မှာတင်ထားတဲ့ မုန့်ပန်းကန်လေး ​ပြုံးမိသည် မချစ်ပေးနိုင်ရင်တောင် ဒီလောက်လေးဂရုစိုက်တာနဲ့တင် သူပျော်သည် စားပွဲခုံမှာဝင်ထိုင်လိုက်ကာ အဖုံးအုပ်ထားတဲ့ ပန်းကန်လေးကို ဖွင့်လိုက်တော့ ထမင်းကြော်လေးပင်
လေးထောင့်ဆန်အပြုံးလေးတွေ ပေါ်အောင်ပြုံးလိုက်ရင်း ထမင်းကြော်ကို တစ်ပန်းကန်လုံးကုန်အောင်စားလိုက်သည်

ခုံပေါ်တင်ထားတဲ့ ဖုန်းလေးမြည်လာတာကြောင့် ကြည့်လိုက်တော့

Jungkook💜❤

ဆိုပီးသူမှတ်ထားတဲ့နာမ်စားလေးကြောင့်ပြုံးမိသည်
ဖုန်းလေးကိုကိုင်လိုက်တော့ တစ်ဖက်ကကြားလိုက်ရတဲ့ အသံမာမာ

စားပြီးပြီမလား

အွန်းပြီးပြီ

အပြင်ထွက်ခဲ့

ဟုတ်

ဂျောင်ကုပြောတဲ့အတိုင်းအပြင်ထွက်လာတော့ ကားပေါ်မှာထိုင်နေတဲ့ဂျောင်ကု

တတ်

ဟုတ်

ဂျောင်ကုဘေး lover seat မှာဝင်ထိုင်လိုက်သည်

ဘယ်သွားမို့လဲဟင်

Mall ဆို မင်းဘဲ

မနေ့က ပြောတော့ လိုက်မပို့ဘူးဆို

ငါ့စိတ်က အပြောင်းအလဲမြန်တယ် မင်းထပ်ပြီး စကားများနေရင် လိုက်မပို့ဘူး

လိုက်ပို့ပါ စကားမပြောတော့ပါဘူး

ခါးပတ်ပတ်

အွန်း

ခါးပတ်ပတ်ပြီး တာနဲ့တစ်ပြိုင်နက် မောင်းထွက်လာလိုက်သည်
ထယ်ယောင်းအပြင်ကိုသာကြည့်နေမိသည် သူတို့လမ်းထိပ်နားမှာ Market အသေးလေးတစ်ခုရှိတာဘဲ နောက်ဆို မုန့်စားချင်ရင်ဒီလာဝယ်လို့ရတာဘဲဟုတွေးလိုက်သည်

He is My Omega (Complete)Where stories live. Discover now