Ep. 19

7.3K 505 49
                                    

ယောင်းလုပ်နိုင်ပါတယ် ယောင်းက တော်တယ်လေနော်

မကြာခင်ခွဲခန်းထဲဝင်ကတော့မည်ဖြစ်တာကြောင့် ကြောက်နေတဲ့ ယောင်းကို မကြောက်အောင်ပြောနေရသည်

ယောင်းကြောက်တယ်လို့ မောင် ယောင်းလုပ်နိုင်ပါ့မလား

နဖူးလေးကိုခပ်ဖွဖွအနမ်းပေးကာ
မျက်လုံးပြာလေးတွေကိုစိုက်ကြည့်ကာဆိုလိုက်သည်

မောင်ယုံတယ် ယောင်းလုပ်နိုင်ပါတယ် ကျော်လွှားနိုင်မှာပါ မောင့် ကလေးလေးက
ပြီး တော့ မောင်လည်းယောင်းဘေးမှာရှိနေမှာဘဲလေ မောင်ရှိနေမှာ

ဟုတ် မကြောက်တော့ဘူး

ခပ်ဖွဖွပြုံးကာပြောနေတဲ့ယောင်းရယ်

သိပ်မကြာလိုက်ခင်မှာဘဲ ခွဲခန်းထဲကိုဝင်ခဲ့ရပြီ ဖြစ်သည်
ခွဲမွေးမှာဖြစ်တာကြောင့်ခါးကိုဆေးထိုးရန် ယောင်းကိုပုစွန်ထုပ်ပုံကွေးခိုင်းရသေးသည်
သွေးတွေချွေးတွေနဲ့ သူ့သွေးသားလေးကိုခက်ခက်ခဲခဲမွေးထုတ်ပေးနေတဲ့ယောင်းကိုမြတ်နိုးလိုက်ရတာ

အချိန်သုံးနာရီလောက်ကြာတဲ့နောက်တော့ အသေးလေးက လူ့လောကထဲသို့ရောက်ရှိလာ​ပြီ ဖြစ်သည်

ယောင်းကတော့ပင်ပန်းတဲ့ဒဏ်ကြောင့်မေ့လျော့နေပြီ ဖြစ်သည်

နက်စ်တွေက သူ့လက်ထဲ နီတာရဲအနှီထုတ်လေးကိုလာထည့်ပေးချိန်မှာတော့ သူ့မျက်လုံးထက်မျက်ရည်များတွဲလွဲခိုလာရသည်
အိပ်ပျော်နေပြီ ဖြစ်တာကြောင့် ဖြောင့်စင်းနေတဲ့မျက်တောင်စိပ်စိပ်လေးတွေက ယောင်းနဲ့ဆင်တူသည် နှုတ်ခမ်းအောက်ကမှဲ့သေးသေးလေးကတော့ကျွန်တော် နဲ့တူတယ်ထင်ပါရဲ့ နှုတ်ခမ်းလေးကအသဲပုံပုံစံလေးရယ် ရဲရဲလေးဖြစ်နေတဲ့ပါးလေးနှစ်ဖက်ကိုခပ်ဖွဖွလေးထိကပ်လိုက်သည်

.....

ယောင်းကိုပိုးသတ်ခန်း VIP ခန်းထဲပြောင်းပီးတဲ့နောက် jeon အသေးလေးကို ယောင်းဘေးနားကပုခက်ထဲထည့်ကာ နိုးလာရင်ယောင်းစားဖို့ ဆန်ပြုတ်ပို့ခိုင်းရန်ပြောမို့ထွက်ခဲ့လိုက်သည်

ဆေးရုံကောင်တာမှာအခန်းခရှင်းနေတုန်း ရင်းနှီးသလိုဖြစ်ဖူးသည့်အသံကြောင့် ဘေးဘီကိုကြည့်လိုက်မိတော့
သူပါးစပ်အဟောင်းသားပင်ဖြစ်သွားရသည်

He is My Omega (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ